ရဲဝင်းဦးလက်ထက်က ပိုပြီးတော့ဆိုးလာလိမ့်မယ် (ရုပ်/သံ)

Mar 30, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published3 months ago
Duration8:10
Video ID084mhmZ5UKg
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views212.9K
Likes0
Comments600
Engagement Rate0.28%
Likes per 100 views0.00
Comments per 1K views2.82

Description

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ ၁၅ နှစ်ကြာ အာဏာရယူထားခဲ့တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒီကနေ့ မတ်လ ၃၀ နေ့မှာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်ပါတယ်။ စစ်ခေါင်းဆောင်ကတော့ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်းစာရင်းမှာ ပါဝင်လာပါတယ်။ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဥ် ၇၇ ဆင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ခေါင်းဆောင်ရဲ့ လက်ရင်းလူယုံအဖြစ် လူသိများသလို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးပြီး တလမပြည့်ခင်မှာပဲ တပ်ချုပ်ဖြစ်လာတာပါ။ ဒါ့အပြင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကတော့ ရာထူးကနေ အနားယူလိုက်ပြီး သူ့နေရာမှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်လိုက်ပါတယ်။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲတရပ် မဖြစ်မနေကျင်းပပြီး သမ္မတ လုပ်မှာဖြစ်သလို သူ့နေရာကို စစ်တက္ကသိုလ်အပတ်စဉ် (၃၀) ဆင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဒါမှမဟုတ် အပတ်စဉ် (၃၅) ဆင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လွှဲပြောင်းပေးအပ်နိုင်တယ်လို့ သုံးသပ်ခန့်မှန်းချက်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်ချုပ် ဖြစ်လာခဲ့ပါတယ်။ #မြန်မာ #ဧရာဝတီ #ရဲဝင်းဦး #မင်းအောင်လှိုင် #တပ်ချုပ် #သမ္မတ #What'sHappensInMyanmar စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

Related Videos

More videos from The Irrawaddy News