၂၀၂၆ ခုနှစ်ကိုတရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အထင်ကရနှစ်ဖြစ်လာစေရန် မျှော်လင့်ဟု ရှီ ဆို #ရှီကျင့်ဖိန်
May 14, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 weeks ago
Duration1:03
Video ID1KATLS0GBUQ
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views134
Likes3
Comments2
Engagement Rate3.73%
Likes per 100 views2.24
Comments per 1K views14.93
Description
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၆ ခုနှစ်ကို တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အတိတ်ကိုဆက်ခံ၍ အနာဂတ်ကို လမ်းဖွင့်ပေးသည့် သမိုင်းဝင်၊ အထင်ကရနှစ်ဖြစ်လာစေရန် မျှော်လင့်ဟု ပြောကြား
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်-အမေရိကန်အကြား ဘုံအကျိုးစီးပွားမှာ သဘောထားကွဲလွဲမှုထက် ကြီးမားရာ တရုတ်နှင့် အမေရိကန်၏ ကိုယ်စီအောင်မြင်မှုသည် အပြန်အလှန်၏ အခွင့်အလမ်းဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ခြင်းသည် ကမ္ဘာကြီးအတွက် အကျိုးရှိကြောင်း၊ နှစ်ဖက်အနေဖြင့် ပြိုင်ဖက်မဟုတ်ဘဲ မိတ်ဖက်လုပ်ဆောင်သင့်ကြောင်း၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေကာ အတူတကွ သာယာဝပြောစေပြီး ခေတ်သစ် အင်အားကြီးနိုင်ငံများ၏ မှန်ကန်သောဆက်ဆံရေးလမ်းကြောင်းကို လျှောက်လှမ်းသင့်ကြောင်း၊ မိမိအနေဖြင့် သမ္မတထရမ့်နှင့်အတူ နှစ်နိုင်ငံနှင့် ကမ္ဘာကြီး၏ အရေးပါသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေးဟူသော ဤသင်္ဘောကြီးအား အတူတကွ ကောင်းမွန်စွာ လမ်းညွှန်ပဲ့ကိုင်ရန်၊ ၂၀၂၆ ခုနှစ်ကို တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အတိတ်ကိုဆက်ခံ၍ အနာဂတ်ကို လမ်းဖွင့်ပေးသည့် သမိုင်းဝင်၊ အထင်ကရ နှစ်ဖြစ်လာစေရန် မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)
#တရုတ်_အမေရိကန်_ဆက်ဆံရေး #ရှီကျင့်ဖိန် #ဒေါ်နယ်ထရမ့် #တွေ့ဆုံဆွေးနွေး
.............................
(Chinese Version)
习近平:让2026年成为中美关系继往开来的历史性、标志性年份
新华社北京5月14日电 5月14日上午,国家主席习近平在北京人民大会堂同来华进行国事访问的美国总统特朗普举行会谈。
习近平强调,中美之间的共同利益大于分歧,中美各自成功是彼此的机遇,中美关系稳定是世界的利好。双方应当做伙伴而不是对手,相互成就、共同繁荣,走出一条新时代大国正确相处之道。我期待着同特朗普总统就事关两国和世界的重大问题交换意见,共同为中美关系这艘大船领好航、掌好舵,让2026年成为中美关系继往开来的历史性、标志性年份。(完)