ရာသီကုန်တွင် နောက်ခံလူ ဂွါရဲရိုးက ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲမည် #BayernMunich #Guerreiro

Apr 1, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published2 months ago
Duration0:41
Video ID3GPMEcphovw
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeYouTube Short

Performance Metrics

Views1.9K
Likes16
Comments0
Engagement Rate0.84%
Likes per 100 views0.84
Comments per 1K views0.00

Description

ဘာလင်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်း၏ ပေါ်တူဂီနောက်ခံလူ ရာဖာရယ် ဂွါရဲရိုးမှာ ၎င်း၏စာချုပ် သက်တမ်းကုန်ဆုံးမည့် လက်ရှိဘောလုံးရာသီကုန်၌ အသင်းနှင့်လမ်းခွဲရန် သဘောတူညီခဲ့ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက မတ် ၃၀ ရက်၌ အတည်ပြုခဲ့သည်။ ဂွါရဲရိုးအနေဖြင့် ၂၀၂၃ ခုနှစ် နွေရာသီတွင် ဒေ့ါမွန်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပြီးနောက် ဘိုင်ယန်အသင်း၌ သုံးနှစ်ကြာဖြတ်သန်းမှုကို အဆုံးသတ်တော့မည်ဖြစ်သည်။ အဆိုပါ အသက် ၃၂ နှစ်အရွယ် ကစားသမားမှာ ဘိုင်ယန်အသင်းထံ ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ ၈၉ ပွဲ ကစားခဲ့ရာ သွင်းဂိုး ၁၂ ဂိုး၊ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားသလို ခံစစ်နှင့် ကွင်းလယ်တွင် နေရာစုံကစားနိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ ဂွါရဲရိုးအနေဖြင့် ဘိုင်ယန်အသင်း ဘွန်ဒက်စ်လီဂါ ဆုဖလားနှင့် ဂျာမန်စူပါဖလား ဆွတ်ခူးခဲ့ရာတွင် ကူညီစွမ်းဆောင်ပေးခဲ့သလို ပေါ်တူဂီအသင်းအတွက်လည်း ၆၅ ပွဲ ပါဝင်ကစားပေးခဲ့သည်။ ဘိုင်ယန်အသင်း၏ အားကစားဘုတ်အဖွဲ့ဝင် မက်စ် အီဘားလ်က ဂွါရဲရိုး၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး အသင်း၌ ၎င်း၏ ယုံကြည်အားထားရမှုနှင့် ထူးခြားသော အရည်အသွေးတို့ကို အလေးထားပြောဆိုခဲ့သည်။ "ကျွန်တော်တို့ အတူတူဖြတ်သန်းခဲ့တဲ့ ကာလအတွက် ရာဖာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောချင်ပါတယ်။ ရာဖာဟာ ကွင်းထဲမှာ အမြဲတမ်းအားကိုးရသလို သူ့လို အရည်အသွေးရှိတဲ့ ကစားသမားတွေက ဘယ်အသင်းရဲ့ အဝတ်လဲခန်းကိုမဆို အထောက်အကူပြုနိုင်ပါတယ်" ဟု အီဘားလ်က ဆိုသည်။ နှစ်ဖက်ဆွေးနွေးမှုများကို လေးစားမှုရှိရှိဖြင့် အပြုသဘောဆန်ဆန် လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။ "သူနဲ့ ကျွန်တော်တို့ကြားက ဆွေးနွေးမှုတွေက ယုံကြည်မှုနဲ့ အပြန်အလှန်နားလည်မှုကို အခြေခံပြီး အပြုသဘောဆောင်ပါတယ်။ အခုအချိန်မှာ နွေရာသီအထိ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေအတွက် ကျွန်တော်တို့ အတူတူအာရုံစိုက်ထားပြီး ခမ်းနားတဲ့အောင်မြင်မှုတွေကို အတူရယူချင်ပါသေးတယ်" ဟု ၎င်းက ဆိုသည်။ ဘိုင်ယန်မြူးနစ်အသင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ၉ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ဘွန်ဒက်စ်လီဂါ ဆုဖလားကို ထပ်မံဆွတ်ခူးနိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်ထားသည်။ ဘိုင်ယန်အသင်းအနေဖြင့် ဘွန်ဒက်စ်လီဂါပွဲစဉ်- ၂၈ အဖြစ် ဧပြီ ၄ ရက်တွင် ဖရိုင်းဘတ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua) #BayernMunich #Guerreiro #ဘိုင်ယန်မြူးနစ် #ဂွါရဲရိုး .......................................... (English Version) Bayern Munich to part ways with Guerreiro at the end of season BERLIN, March 30 (Xinhua) -- Bayern Munich and Portugal international Raphael Guerreiro have agreed to part ways at the end of the current campaign, with the defender's contract set to expire, the Bundesliga club confirmed on Monday. Guerreiro will bring his three-year spell at Bayern to a close after joining on a free transfer from Borussia Dortmund in the summer of 2023. Since his arrival, the 32-year-old has made 89 appearances in all competitions, contributing 12 goals and eight assists while establishing himself as a versatile option in defense and midfield. Guerreiro helped Bayern win the Bundesliga title and the German Super Cup. He has earned 65 caps for Portugal. Bayern board member for sport Max Eberl praised Guerreiro's contribution, highlighting both his reliability and character within the squad. "We would like to thank Rapha warmly for the time we have spent together. You could always rely on Rapha on the pitch, and players of his caliber enrich any dressing room," Eberl said. He added that discussions between the two sides had been conducted in a positive and respectful manner. "Our discussions with him have been positive, based on trust and mutual understanding. Now, together with him, we are focusing on our goals until the summer, together we still want to achieve a great deal." With a nine-point lead at the top of the standings, Bayern looks well placed to challenge for another Bundesliga title. It will visit Freiburg in the 28th round on Saturday.

Related Videos

More videos from Xinhua Myanmar