Khit Thit Morning News | May 14 , 2026

May 14, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published3 weeks ago
Duration25:02
Video ID3NBNWXhmdAI
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views348.9K
Likes12.1K
Comments323
Engagement Rate3.55%
Likes per 100 views3.46
Comments per 1K views0.93

Description

Khit Thit သတင်းဌာန၏ မေ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့လယ်မှာရှိတဲ့ ကျပ်ဘီလီယံပေါင်းများစွာတန်တဲ့ အများပြည်သူပိုင်မြေကို ရှမ်းပြည်နယ် ကြံ့ဖွတ်အစိုးရက အဆင့်မြင့်ယာဉ်ရပ်နားစခန်း ဆောက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကြံ့ဖွတ်ပါတီကျောထောက်နောက်ခံရှိတဲ့ သီဟကုမ္ပဏီကို ငွေတန်ဖိုးနည်းနည်း လေးနဲ့ လုပ်ပိုင်ခွင့်ချပြီး ပေးလိုက်တာလို့ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေ ပြောပါတယ်။ - အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်နေတဲ့ နာမည်ကြီး အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ ကမ္ဘာ့ UFC ချန်ပီယံ Van တို့ မလေးရှားနိုင်ငံကိုလာပြီး ချင်းဒုက္ခသည်ကော်မတီ (CRC) ရဲ့ ၂၅ နှစ်ပြည့် အခမ်းအနား တက်ရောက်ပြီး မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံမယ်လို့ Chin Refugee Committee (CRC) ဘက်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ - မွန်ပြည်နယ် သထုံမြို့နယ်မှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကနည) ဝန်ထမ်း နေလင်းစိုးက အရက်မူးပြီး လိုင်စင်မဲ့ကားကို ရမ်းကားမောင်းလာရာက ဆိုင်ကယ်စီးလာတဲ့ တက္ကသိုလ် ကျောင်းသူ ၃ ယောက်ကို ဝင်တိုက်မိပြီး ၃ ယောက်လုံး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမှုကိုငွေလျှော်ကြေးပေးပြီး ပိတ်လိုက်နိုင်အောင် ဝန်ကြီးဌာနဘက်က ကြိုးစားနေတယ်လို့ သေဆုံးသူတွေရဲ့ မိတ်ဆွေတွေက ပြောပါတယ်။ - အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကိစ္စတွေကိုမြှင့်တင်ဖို့နဲ့ အီရန်၊ ထိုင်ဝမ်အရေးတွေကြောင့် ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့အတွက် ဗုဒ္ဓဟူးနေ့ (မေလ ၁၃ ရက်) မှာ ဘေဂျင်းမြို့ကို ရောက်ရှိလာခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

Related Videos

More videos from Khit Thit Media