PSARadio1 || မပေါက်ကွဲသေးဘဲကျန်နေတဲ့ စစ်ကျန် လက်နက်ပစ္စည်း
May 11, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 weeks ago
Duration1:12
Video ID3a_YaCjC_Fc
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views22
Likes2
Comments0
Engagement Rate9.09%
Likes per 100 views9.09
Comments per 1K views0.00
Video Tags
Description
ပေါက်ကွဲစေဖို့ရည်ရွယ်ပြီး ပစ်ခတ်လိုက်ပေမယ့် မပေါက်ကွဲသေးဘဲကျန်နေတဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေက မြေမြှုပ်မိုင်းတွေထက် ပေါက်ကွဲအားပြင်းထန်ပြီး အချိန်မရွေးပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။
စစ်ကျန်လက်နက်ပစ္စည်းတွေဟာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေ ၊လေကြောင်းတိုက်ခိုက်ခံ ခဲ့ရတဲ့နေရာတွေ မှာရှိနေနိုင်ပါတယ်။ စစ်ဘေးရှောင်လို့ စွန့်ခွာထားခဲ့တဲ့ ကျေးရွာတွေ၊ လက်နက်တွေ သိ မ်းဆည်းသိုလှောင်တဲ့နေရာတွေ၊ လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်တဲ့နေရာတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ သွားလာလှုပ်ရှားတဲ့နေရာတွေနဲ့ စခန်းချ အခြေစိုက်တဲ့နေရာတွေမှာလည်း စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်တွေ ရှိနိုင်ပါတယ်။
အဲဒီလို မပေါက်ကွဲဘဲကျန်နေတဲ့ ဗုံးသီးကြီးတွေ၊ လက်ပစ်ဗုံးတွေ၊ မော်တာကျည်တွေ၊ ဒုံးကျည်တွေ၊ ကျည်ဆံတွေဟာ အသာအယာတို့ထိမိရုံနဲ့ ပေါက်ကွဲနိုင်ပါတယ်။
အဲဒီလက်နက်ပစ္စည်းတွေက ကာကီရောင်၊ အစိမ်းရောင်၊ အညိုရောင်၊ မီးခိုရောင်တွေအပြင် သံချေး တက်ပြီး ဆေးရောင်ပျက်ပြယ်နေတဲ့အနေအထားမျိုးနဲ့လည်းတွေ့နိုင်ပါတယ်။
မြေပေါ်၊ မြေအောက်မှာ နှစ်ပေါင်းများစွာကြာရှိလည်း ပေါက်ကွဲစေနိုင်သေးလို့ စစ်ကျန်လက်နက်ပစ္စည်း တွေကိုတွေ့ရင် မီးရှို့တာ၊ ပစ္စည်းတစ်ခုခုနဲ့လှမ်းပေါက်တာ၊ ခြေထောက်နဲ့ကန်တာ၊ ထိတာ၊ ကိုင်တာ၊ နေရာပြောင်းရွှေ့တာ၊ ဆားနဲ့သိပ်တာ၊ ရေနဲ့လောင်းတာ စတာတွေ လုံးဝ မလုပ်ရပါဘူး။
Disclaimer: This video is for educational awareness only. It does not promote violence or provide instructions. Viewer discretion is advised.