စစ်တပ်စစ်ကြောင်းတစ်ခုလုံးနီးပါးကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည့် လက်ပံတန်းတိုက်ပွဲအခြေအနေ

Oct 17, 2025Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published8 months ago
Duration2:40
Video ID3d6YJaimOJA
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short

Performance Metrics

Views6.1K
Likes379
Comments20
Engagement Rate6.51%
Likes per 100 views6.18
Comments per 1K views3.26

Description

စစ်တပ်စစ်ကြောင်းတစ်ခုလုံးနီးပါးကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည့် လက်ပံတန်းတိုက်ပွဲအခြေအနေ ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်တွင်းရှိ သရက်ချောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို အောက်တိုဘာ ၁၅ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ဦးကို ဖမ်းဆီးရမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထိုကြားဖြတ်တိုက်ခိုက်မှုကို အမှတ်(၃၈၀၂)တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ NUG ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာနချုပ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Related Videos

More videos from Myanmar Now News