ပေါက်မြို့နယ်မှာ စစ်တပ်ထိုးစစ်ကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
Nov 6, 2025•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published7 months ago
Duration1:22
Video ID718GXi9rbb4
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views2.6K
Likes159
Comments8
Engagement Rate6.45%
Likes per 100 views6.14
Comments per 1K views3.09
Description
ပေါက်မြို့နယ်မှာ စစ်တပ်ထိုးစစ်ကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
-------------
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်တပ်ရဲ့ထိုးစစ်ကြောင့် ကျေးရွာပေါင်း ၂၀က လူဦးရေ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဆိပ်ဖြူမြို့နယ် အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ-၂၂)ကနေ အင်အား ၅၀၀ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရွာစဉ်လှည့် မီးရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။
အဲ့ဒီစစ်ကြောင်းတွေမှာ စစ်သားတွေအပြင် ဒေသခံပြည်သူ့စစ်(ပျူစောထီး)တွေလည်း ပါတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဒေသခံ ပြည်သူတွေဟာ လက်ရှိမှာတော့ စားနပ်ရိက္ခာနဲ့ နေရေး ထိုင်ရေး အခက်အခဲတွေများစွာ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေက ပေါက်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ အညာမြေတပ်ပေါင်းစုအဖွဲ့ တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
ကိုလှိုင်း/ Myanmar Now