ရှမ်းတိုဖူးသုပ်

May 26, 2024Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

PublishedMay 26, 2024
Duration2:00
Video ID8UNqt1J30ts
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views1.3K
Likes70
Comments15
Engagement Rate6.72%
Likes per 100 views5.53
Comments per 1K views11.86

Description

ရှမ်းတိုဖူးသုပ် Tofu Salad Shan Style ❀ ❀ ❀ ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။ ❀ ❀ ❀ တိုဖူးကျိုနည်းကကုလားပဲကိုရေစိမ်ကြိတ်ပြီးစစ်ပြီးရေများများနဲ့ရေစိမ်အနယ်ထိုင်ပြီးလုပ်တာရှိတယ်။ပဲမှုန့်ကိုရေဖျော်ပြီးတန်းကျိုတာရှိတယ်။ပဲမှုန့်ကိုဘဲရေဖျော် စစ်ပြီးရေများများ နဲ့အနယ်ထိုင်ပြီး လုပ်တာရှိတယ်။လုပ်နည်းမတူတဲ့အပေါ်မှာတိုဖူးအသား မတူဘဲရေစိမ်အနယ်ထိုင်လုပ်တဲ့တိုဖူးက ဂျယ်လီလေးလိုကြည်ပြီးတုန်တုန်လေးနေပါတယ်။ရှမ်းသုပ်သုပ်စားဖို့အဆင်ပြေပြီးအညာသု ပ်လိုသုပ်မယ်ကြော်စားမယ်ဆိုရင်အမှုန့်ရေဖျော်ပြီးတန်း ကျိုတာအဆင်ပြေပါတယ်။အခုလုပ်ထားတာကရှမ်းသုပ်ပုံစံမို့ကြော်စားရင်အဆင်မပြေနိုင်ပါဘူး။ ရှမ်းတိုဖူကျိုရန် *********** 1.ပဲမှုန့်အစိမ်းတထုပ်၂၀၀ဂရမ်ကိုရေထည့်ပြီးဖျော်ပါ။ ပြီးလျှင်အဝတ်ပါးဖြင့်စစ်ပြီးရေရှစ်လီတာလောက်ထည့်ပြီး အေးတဲ့နေရာမှာ အနည်ထိုင်ထားပါ။ပူနွေးသောနေရာထားမိလျှင်ပဲချဉ်သွားတတ်ပါတယ်။မနက်ကျိုမယ်ဆိုညကတည်း ကစိမ်ထားပါ။ 2.အနယ်ထိုင်သွားပါကအပေါ်ယံမှအရည်ကြည်များကိုသွန်ထုတ်ပြီးအောက်ဆုံးမှ ပဲအနှစ်များကိုသာချန်ထားပါ ။ တိုဖူးကျိုနည်း ********** 1.ရေ၈၀၀mlကိုထန်းလျက်၂လုံးဆားလ္ဘက်ဇွန်းတစ်ဇွန်းနနွင်းအနည်းငယ်ထည့်ပြီးမီးဖိုတွင်တည်ပါ။ 2.ဆူပွက်လာပါကပဲနှစ်ရည်ကိုတဖက်မှထည့့်ပြီးတဖက်ကအဆက်မပျက်မွေပေးပါ။ မီးကိုအနေတော်ဖြင့်မွေပေးပါ။ 3.တဖြေးဖြေးပျစ်လာသည်ထိမွေပါပျစ်လာပြီးကြွက်မြီးတန်းအနေထားရပါကပဲစိမ်းနှံ့ပျောက်မပျောက်မြည်းကြည့်ကာအအေးခံမည့်ဘမ်းထည်းသို့သွန်ချပြီးအအေးခံကာလိုသလို လှီးပြီးသုပ်စားနိုင်ပါပြီ။ ရှမ်းတိုဖူးသုပ်နည်း ************* တိုဖူးကိုမိမိနှစ်သက်သလိုလှီးထားပါ ။ ကြက်သွန်ဖြူ ဆီချက် နှမ်းဆီချက် မြေပဲထောင်း ငရုပ်ဆီချက် ကြက်သွန်ဖြူ ထောင်း အရည် ဖျော် ကြာညို့ အချို( Sweet Soya Sauce) ပဲငံပြာရည် (Light Soya Sauce ) နံနံပင် တို့ကို့ထည့်ပြီးသုံးဆောင် နိုင်ပါပြီ အချဉ်နှစ်သက်ပါက မုန်ညင်းချဉ်ရည် အနည်းငယ်ထည့်ပါ။ တိုဖူးတဝက်မုန့်တီဖတ်တဝက်ထည့်ပြီးရောသုပ်စားနိုင်ပါတယ်။ဧည့်သည်အတွက်အလှမပျက်ပွဲကြီးကြီးပြင်လိုပါကပါဝင်ပစ္စည်းအားလုံးကိုနံနံပင်မှအပပန်းကန်တလုံးတွင်ဖျော်ပြီးလှီးထားသောတိုဖူးပေါ်တွင်ဆမ်းပြီးနံနံပင်ဖြင့်အလှဆင်ကာတည်ခင်းနိုင်ပါတယ်။ ........... Sofia (4/7/2015) http://sofiafoodparadise.blogspot.com

Related Videos

More videos from Sofia Food Paradise