ရဲတွေကို ရှေ့တန်းပို့ဖို့ လက်နက်ကြီးနဲ့ အထူးစစ်နည်းဗျူဟာသင်တန်း ပို့ချမယ်

Feb 25, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published4 months ago
Duration2:33
Video IDAAQR_4Lfzao
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short

Performance Metrics

Views3.4K
Likes186
Comments5
Engagement Rate5.69%
Likes per 100 views5.54
Comments per 1K views1.49

Description

ရဲတွေကို ရှေ့တန်းပို့ဖို့ လက်နက်ကြီးနဲ့ အထူးစစ်နည်းဗျူဟာသင်တန်း ပို့ချမယ် ………….. တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်မျက်နှာအစုံဖွင့်ထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့နဲ့အတူ ရှေ့တန်းမှာ ပူးတွဲတိုက်ခိုက်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးနဲ့ အထူးစစ်နည်းဗျူဟာသင်တန်း တက်ရောက်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး/လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ မြေပုံဖတ်ဘာသာရပ်နဲ့ အထူးစစ်နည်းဗျူဟာ ဘာသာရပ်တွေ ပို့ချဖို့ ပထမဆုံးအကြိမ် ကာလတိုသင်တန်းဖွင့်မှာ ဖြစ်ပါတယ်။ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်တွေနဲ့‌ တပ်ရင်း၊ တပ်ဖွဲ့က စစ်သားတွေက သင်တန်းနည်းပြအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ တစ်ပတ်ကြာမယ့် သင်တန်းအပတ်စဉ် ၁ ကို မတ်လကုန်မှာ စတင်မှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဌာနချုပ်က အခုလ ၁၇ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို လိပ်မူထားတဲ့ အကြောင်းကြားစာထဲမှာ ညွှန်ကြားထားပါတယ်။ ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မလိုလားသူတွေနဲ့ အစိုးရအပေါ် အမြင်မကြည်လင်သူ နိုင်ငံရေးလှုပ်ရှားသူတွေက ဆူပုအုံကြွမှုနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် ဖန်တီးနေတယ်လို့လည်း ရဲတပ်ဖွဲ့ဌာနချုပ်ရဲ့ ညွှန်ကြားချက်ထဲမှာ ရေးသားထားပါတယ်။ Myanmar Now က ဖတ်ရှုခွင့်ရတဲ့ ဒီလျှို့ဝှက်ညွှန်ကြားချက်ဟာ တိုင်းနဲ့ပြည်နယ်အသီးသီးက ရဲတပ်ဖွဲ့မှူးရုံးတွေအားလုံးကို ပေးပို့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းက လုံခြုံရေးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို ထိန်းသိမ်းဖို့ဟာ ရဲတပ်ဖွဲ့ရဲ့တာဝန်ဖြစ်ပေမယ့် လိုအပ်ချက်အရ စစ်တပ်က ဝင်ပါနေရတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလထဲမှာပဲ ပြောဆိုထားပါတယ်။ ရဲနဲ့ စစ်တပ်ဟာ ညီနောင်တပ်ဖွဲ့တွေအဖြစ် လက်တွဲသွားကြဖို့နဲ့ ရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ဖို့ လုပ်ဆောင်နေတယ်လို့ အခုလ ၁၅ရက်နေ့က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းတပ်နယ်မှာ စစ်သည်၊ အရာရှိတွေနဲ့ တွေ့ဆုံချိန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်ရဲ့ အထက်ပါပြောကြားချက်အပြီး ၂ရက်အကြာမှာပဲ ရဲအရာရှိနဲ့ အခြားအဆင့်ရဲတွေ လက်နက်ကြီးသင်တန်းတက်ဖို့ ညွှန်ကြားချက် ထွက်လာတာလည်း ဖြစ်ပါတယ်။ ခရိုင်ရဲတပ်ဖွဲ့ ၁၄ခုမှာ ပို့ချမယ့် သင်တန်းမှာ ၄၀မမ ဗုံးပစ်လောင်ချာနဲ့ BA 94 ၊ MA 13 တို့လို စက်သေနတ်အသေး ပစ်ခတ်အသုံးပြုပုံတွေကိုတွေ သင်ကြားမှာဖြစ်တယ်လို့ လျှို့ဝှက်ညွှန်ကြားချက်ထဲမှာ ဖော်ပြထားပါတယ်ရှင်…။ ဒီသင်တန်းကို ရဲအရာရှိ ဘယ်အဆင့်ထိ တက်ရမယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ရဲတပ်သားကနေ ရဲအရာခံအထိကို အခြားအဆင့်လို့ သတ်မှတ်ထားပါတယ်။ ရန်ကုန်တိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင် ၅၅၈ဦးက သင်တန်းအပတ်စဉ် ၁ ကို တက်ရောက်ကြရဖို့ ရှိနေပါတယ်။ သဇင်လှိုင်/ Myanmar Now

Related Videos

More videos from Myanmar Now News