ဒေါ်အောင်ဆန်းစုကြည်၏ တိတ်ဆိတ်ခြင်းအသံ၊ မင်းအောင်လှိုင်အတွက် မိုးကြိုးပစ်သံ

May 12, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published2 weeks ago
Duration12:00
Video IDBNL2DVmsWMU
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views220.3K
Likes5.8K
Comments231
Engagement Rate2.76%
Likes per 100 views2.65
Comments per 1K views1.05

Description

ဒေါ်အောင်ဆန်းစုကြည်၏ တိတ်ဆိတ်ခြင်းအသံ၊ မင်းအောင်လှိုင်အတွက် မိုးကြိုးပစ်သံ --------- မင်းအောင်လှိုင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အလွန်တရာ မုန်းတီးသူ ဖြစ်ကြောင်း လွန်ခဲ့သော ငါးနှစ်အတွင်း ၎င်း၏ လူသိရှင်ကြားပြောဆိုချက်များက အထင်အရှား သက်သေပြသခဲ့ပြီး ဖြစ်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် စိတ်ကူးထဲတွင် အကြိမ်ကြိမ် ကြိုးပမ်းနေမိသူတစ်ဦး ဖြစ်ပါလိမ့်မည်။  မင်းအောင်လှိုင် ထိုကဲ့သို့ မလုပ်နိုင်ဘူးဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ပါ။ ဓာတ်ပုံလေ့လာချက်များ၊ နိုင်ငံတကာ၏ တောင်းဆိုမှုများနှင့် သားငယ် ဦးထိန်လင်း၏ Proof of Life လှုပ်ရှားမှုဖြင့် မိခင်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရန် တောင်းဆိုမှုများသည် လွန်ခဲ့သော ငါးနှစ်လုံးလုံး ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး၊ ၎င်းလုယက်ယူငင် ထားသော အာဏာတည်မြဲရေး ကျားကုတ်ကျားခဲ ကြိုးပမ်းနေသော မင်းအောင်လှိုင်အတွက် သူ၏ တိတ်ဆိတ်ခြင်းအသံ (The Voice of Silence) သည် “မိုးကြိုးပစ်သံ” ကဲ့သို့ ချောက်ချားနေပါလိမ့်မည်။  မင်းအောင်လှိုင်တွင် စစ်ဗိုလ်ချုပ်တစ်ယောက်၏ သတ္တိသွေး တစ်စက်မျှရှိကြောင်း Proof of Courage ပြသရန် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ် တောင်းဆိုထားသည့်အတိုင်း ခေတ္တမျှတွေ့ခွင့်ပေးရဲသလားဆိုတာ စောင့်ကြည့်ရပေလိမ့်မည်ဖြစ်ကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ ------------------------------------------- Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Videos

More videos from Myanmar Now News