စစ်မှုထမ်းက ကယ်ထုတ်ပေးမယ်ဆိုပြီး မိသားစုတွေ ငွေလိမ်ခံနေရ (ရုပ်/သံ)

Jul 8, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published2 days ago
Duration8:07
Video IDC0reFFWDJp0
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views8K
Likes0
Comments25
Engagement Rate0.31%
Likes per 100 views0.00
Comments per 1K views3.11

Description

စစ်မှုထမ်းစုဆောင်းခံရတဲ့ မိသားစုဝင်တွေရဲ့ သောကကို အခွင့်ကောင်းယူပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ငွေကြေးလိမ်လည်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် TikTok လူမှုကွန်ရက်ပေါ်မှာ အာဏာသိမ်းစစ်တပ်က အရာရှိတွေရဲ့ အမည်ရာထူးတွေနဲ့ အကောင့်တုတွေဖွင့်ပြီး၊ စစ်မှုထမ်းထဲပါသွားသူတွေကို ငွေပေးရင် ပြန်ထုတ်ပေးမယ်ဆိုတဲ့ မက်လုံးပေး လိမ်လည်မှုတွေ ခပ်စိပ်စိပ် တွေ့လာရတာ ဖြစ်ပါတယ်။ လိမ်လည်သူတွေဟာ ဗဟိုကို အသနားခံစာတင်ရမယ်၊ သင်တန်းကျောင်းနဲ့ မြို့နယ်မှူးတွေဆီမှာ အဆင့်ဆင့်လက်မှတ်ထိုးရမယ်ဆိုတဲ့အကြောင်းပြချက်တွေအပြင်၊ အယူခံစာအမြန်ကျဖို့အတွက် လူကြီးတွေကို ကန်တော့ရမယ်ဆိုပြီး ငွေကြေးတွေကို အကွက်ချလိမ်လည်နေကြတာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူကတော့ အပြင်လူတွေကတဆင့် စစ်မှုထမ်းတွေကို ပြန်ထုတ်ပေးလို့ မရဘူးလို့ ဧရာဝတီကို ပြောပါတယ်။ ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်ပိုင်း ပြည်သူတွေဟာ မိသားစုဝင်တွေ ပါသွားမှာကို နေ့စဉ်နဲ့အမျှ စိုးရိမ်သောကရောက်နေကြရသလို၊ တဖက်မှာလည်း စစ်မှုထမ်းထဲ ပါသွားသူတွေကို ပြန်ထုတ်ပေးမယ်ဆိုတဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ ထပ်ဆင့်ဒုက္ခပေးမှုကိုပါဆိုးရွားစွာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ #မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #WhatsHappensInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

Related Videos

More videos from The Irrawaddy News