PSA1 || “မထိ၊ မကိုင်၊ ခပ်ဝေးဝေးမှာနေပါ”
Mar 7, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 months ago
Duration1:47
Video IDEhEpD_kiJOs
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views16
Likes0
Comments0
Engagement Rate0.00%
Likes per 100 views0.00
Comments per 1K views0.00
Video Tags
Description
“မထိ၊ မကိုင်၊ ခပ်ဝေးဝေးမှာနေပါ”
တိုက်ပွဲတွေဖြစ်ပွားဖူးတဲ့ ဒေသတွေမှာနေထိုင်သူတွေ၊ ဖြတ်သန်းသွားလာသူတွေဟာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်း အန္တရာယ်တွေရှိနေပါတယ်။
သွားရင်းလာရင်း ပတ်ဝန်းကျင်မှာ တွေ့နေ၊ မြင်နေကျမဟုတ်တဲ့ အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင် ထိတာ၊ ကိုင်တာ မလုပ်ပါနဲ့။
ထိကိုင်တာ၊ နေရာပြောင်းတာ၊ ခြေထောက်နဲ့ကန်တာ၊ ခဲနဲ့ပေါက်တာ၊ ဓာတ်ပုံရိုက်တာတွေလည်း လုံးဝ မလုပ်ရပါဘူး။
ဒါ့အပြင် အဲဒီအရာဝတ္ထုပစ္စည်းနဲ့ တည်နေရာတဝိုက်ကို မီးရှို့တာ၊ ရေလောင်းတာ၊ ဆားနဲ့သိပ်တာ၊ အနီးကပ် ဝိုင်းအုံ ကြည့်ရှု တာတွေကလည်း အန္တရာယ်ရှိတဲ့ အပြုမူတွေဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် စွန့်ခွာခဲ့ရတဲ့ ကျေးရွာတွေ၊ နေအိမ်၊ အဆောက်အဦးတွေကို သွားလာတာမျိုးမလုပ်ဖို့၊ အသုံးမပြုဖို့ လည်း အရေးကြီးပါတယ်။ အဲဒီနေရာတွေမှာ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်တွေရှိသလို မြေမြှုပ်မိုင်းအမျိုးမျိုး ရဲ့ အန္တရာယ်လည်းရှိလို့ ရှောင်ကြဉ်ရပါမယ်။
စိုက်ပျိုးမြေနေရာတွေ အသစ်ရှာဖွေ/ပြောင်းရွှေ့စိုက်ပျိုးကြတယ်ဆိုရင်လည်း ဒေသခံရွာသူရွာသားတွေနဲ့ အာဏာပိုင်တွေက အန္တရာယ်ကင်းရှင်းတယ်လို့ အသေအချာမပြောမချင်း နေရာသစ်မှာ ထွန်ယက် စိုက်ပျိုးတာ၊ မီးရှို့တာမျိုး မလုပ်သင့်ပါဘူး။
ယာထဲ၊ တောထဲသွားတာဖြစ်စေ၊ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့ကြား ကူးလူးကြတဲ့အခါဖြစ်စေ အန္တရာယ်မကင်းနိုင်တဲ့ ဖြတ်လမ်းတွေကို အသုံးမပြုပါနဲ့။ လူသုံးများတဲ့ ပိုပြီးအန္တရာယ်ကင်းနိုင်တဲ့ လမ်းတွေကိုသာ ရွေးချယ်အသုံးပြုပါ။
သွားရင်း၊ လာရင်း အန္တရာယ်ရှိအမှတ်အသားတွေတွေ့ရင် ခပ်ဝေးဝေးက ရှောင်သွားပါ။ စူးစမ်းတာ အနားကပ်ကြည့်တာမျိုးတွေ မလုပ်ရပါဘူး။
အန္တရာယ်ရှိတဲ့အပြုအမူတွေကို အချင်းချင်းမျှဝေအသိပေးရင်း ချစ်ခင်ရသူတွေကို မြေမြှုပ်မိုင်းနဲ့စစ် ကျန်လက်နက်ပစ္စည်းအန္တရာယ်ကနေ ကာကွယ်ပေးကြရအောင်ပါ။
Disclaimer: This video is for educational awareness only. It does not promote violence or provide instructions. Viewer discretion is advised.