ဗိုလ်နဂါးနေခဲ့တဲ့ ပုလဲနယ်၊ ဂွေးပင်ရိုးရွာအနီးက နေအိမ်

Feb 21, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published4 months ago
Duration1:39
Video IDFc-kNTfFt0c
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short

Performance Metrics

Views15.1K
Likes682
Comments50
Engagement Rate4.85%
Likes per 100 views4.51
Comments per 1K views3.31

Description

ဗိုလ်နဂါးနေခဲ့တဲ့ ပုလဲနယ်၊ ဂွေးပင်ရိုးရွာအနီးက နေအိမ် …………. ဖေဖော်ဝါရီ ၁၇ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ၏ လမ်းဂိတ် ၃ခုကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တပ်ရင်းများက စီးနင်းလိုက်သည်။ ထို့နောက် ဗိုလ်နဂါး နေထိုင်သည့် ပုလဲမြို့နယ်၊ ဂွေးပင်ရိုးရွာအနီးရှိ စခန်းတစ်ခုကို PDF များက ဝိုင်းပတ်ပိတ်ဆို့ပြီး နှစ်ဖက်ညှိနှိုင်းမှုများ လုပ်ခဲ့ကြသည်။ ဗိုလ်နဂါးနှင့်အဖွဲ့ကို စီးနင်းရခြင်းမှာ လူသတ်မှု၊ သက်ငယ်မုဒိမ်းမှု အပါအဝင် တိုင်တန်းချက် ၇ခုကြောင့် ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားသည်။ ညှိနှိုင်းမှုအတွင်း PDF တပ်ရင်းများထံ လက်နက်ချသည့် BNRA တပ်ဖွဲ့ဝင်ဦးရေ ၁၅၀ခန့် ရှိခဲ့ပြီး၊ ညှိနှိုင်းမရဘဲ ထွက်ပြေးသွားသူများလည်း ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဗိုလ်နဂါး အပါအဝင် ၎င်းဩဇာခံ BNRA ထိပ်ပိုင်းခေါင်းဆောင်တချို့က ဖေဖော်ဝါရီ ၁၈တွင် စစ်တပ်ထံ လက်နက်ချပြီး ဘက်ပြောင်းသွားခဲ့ကြသည်။ ပျံ့နှံ့လာသော ရုပ်သံမှတ်တမ်းများအရ ဗိုလ်နဂါးနှင့်အဖွဲ့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာခေါ်သွားသည်ကို တွေ့ရသည်။ ပုလဲမြို့၊ ဘောလုံးကွင်းတွင် ရဟတ်ယာဉ်ဆင်းပြီး လာခေါ်သွားခြင်း ဖြစ်သည်ဟု သိရသည်။ ဗိုလ်နဂါးသည် ၎င်းနေထိုင်ရာ စခန်းမှ ပုလဲမြို့အထိ မည်သည့်အချိန်တွင် မည်ကဲ့သို့ တိမ်းရှောင်သွားသည်ကို မသိရသေးပေ။ ဗိုလ်နဂါး ခိုလှုံရာ ဂွေးပင်ရိုးရွာသည် ပုလဲမြို့နှင့် ၁၅မိုင်ကျော်ဝေးသော တောင်ခြေတွင်ရှိသည့် ရွာတစ်ရွာ ဖြစ်သည်။ ယခုရုပ်သံတွင် ဗိုလ်နဂါးသည် မြေအောက်ခန်းနှင့် နေထိုင်ပြီး မြင်းများမွေးမြူထားသည့်ခြံနှင့် စိုက်ခင်းများလည်း တွေ့ရသည်။

Related Videos

More videos from Myanmar Now News