မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း

Mar 8, 2021Channel
AI Analysis
Data from YouTube Data API v3Updated Just now
7Day TV
7Day TV

692K subscribers

View Channel

Video Overview

Video Details

PublishedMar 8, 2021
Duration4:25
Video IDFeeG7FRGXvA
Languageen
CategoryEntertainment
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views17.4K
Likes457
Comments6
Engagement Rate2.67%
Likes per 100 views2.63
Comments per 1K views0.35

Description

အီကွေတိုရီရယ်လ် ဂီနီရာက စစ်တန်းလျားမှာ ပေါက်ကွဲမှုဖြစ်ပြီး ၁၅ ဦးထက်မနည်း သေဆုံး၊ ဟိုသီ သူပုန်တွေရဲ့ စစ်ရေးပစ်မှတ်တွေကို ဆော်ဒီနဲ့ အာရပ် မဟာမိတ် တပ်တွေ ဗုံးကြဲ စတဲ့သတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း မတ် - ၈၊ ၂၀၂၁ အီကွေတိုရီရယ်လ် ဂီနီရာက စစ်တန်းလျားမှာ ပေါက်ကွဲမှုဖြစ်ပြီး ၁၅ ဦးထက်မနည်း သေဆုံး အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံက စစ်တန်းလျားတွေနားမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ မတ်လ ၇ ရက်က နိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ ဘာတီက စစ်တန်းလျားတွေနားမှာ အခုလို ပေါက်ကွဲမှုတွေ ပေါ်ပေါက်လာတာပါ။ ဒီဖြစ်စဉ်မှာ လူ ၁၅ ဦးထက်မနည်းသေပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်နေပါတယ်။ သမ္မတ တီယိုဒိုရို အိုဘင်း ငူမားက အခု ပေါက်ကွဲမှုတွေဟာ လူတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ခဲ့တာလို့ ပြောပါတယ်။ စစ်တန်းလျားတဝိုက် လယ်မြေတွေကို မီးရှို့ ရှင်းလင်းရာကနေ ခဲယမ်းမီးကျောက်တွေဆီ မီးကူးပြီး ပေါက်ကွဲတာလို့ ယုံကြည်ရကြောင်း ငူမားက ဆိုပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းလွန်းတာကြောင့် ဘာတီမြို့ထဲက အိမ်အများစုမှာ အနည်းနဲ့အများ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ အခင်းဖြစ်ရာ နေရာမှာ မီးခိုးလုံးကြီးတွေ အူထွက်နေတာကို တွေ့ရပါတယ်။ မြို့ထဲက ဆေးရုံတချို့ဟာ လူနာတွေ ထပ်ပြီး လက်မခံနိုင်တော့တဲ့အထိ ပြည့်လျှံသွားခဲ့ပါတယ်။ ပေါက်ကွဲသံတွေ ကြားပြီးတော့ မီးခိုးလုံးကြီးကို တွေ့လိုက်ရကြောင်း၊ ရုတ်တရက် ဘာလုပ်ရမှန်း မသိဘဲ အားလုံး တုန်လှုပ်ကုန်ကြောင်း ဘာတီမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ပြင်သစ် သံအမတ်ကြီး အိုလီဗီရာ ဘရော့ချ်နင်က ဒီဖြစ်ရပ်ဟာ ကမ္ဘာပျက်သလိုပဲလို့ သုံးနှုန်းခဲ့ပြီး ထိခိုက်သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း Twitterမှာ ရေးသားထားပါတယ်။ လောလောဆယ်တော့ အခုပေါက်ကွဲမှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ။ အာဖရိကတိုက် အလယ်ပိုင်းမှာရှိတဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံဟာ အရင်က စပိန် လက်အောက်ခံ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ဖူးပြီး ၁၉၆၈ ခုနှစ်မှာ လွတ်လပ်ရေး ရလာခဲ့ပါတယ်။ ========================================= ဟိုသီ သူပုန်တွေရဲ့ စစ်ရေးပစ်မှတ်တွေကို ဆော်ဒီနဲ့ အာရပ် မဟာမိတ် တပ်တွေ ဗုံးကြဲ ယီမင်နိုင်ငံရဲ့ မြို့တော် ဆာနားမှာ ရှိနေတဲ့ ဟိုသီ သူပုန်တွေရဲ့ စစ်ရေး ပစ်မှတ်တွေကို ဆော်ဒီ အာရေးဘီးယား ဦးဆောင်တဲ့ မဟာမိတ် လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပြုထားတဲ့ ဟိုသီ သူပုန်တွေဟာ ယီမင်ရဲ့ မြို့တော် ဆာနားကို ထိန်းချုပ်ထားပြီး ဆော်ဒီနဲ့ အာရပ် မဟာမိတ် အင်အားစုတွေကို ဆန့်ကျင် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဟိုသီတွေက ဆာနားကနေ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လှမ်းပြီး ပစ်ခတ်ခဲ့တယ်လို့ ဆော်ဒီ အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီအတွက်လည်း မတ်လ ၇ ရက်က ဆာနားကို အာရပ် မဟာမိတ် တိုက်လေယာဉ်တွေက လက်တုံ့ပြန်ပြီး ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေက ၆ နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ယီမင် ပြည်တွင်းစစ်မှာ ဟိုသီတွေနဲ့ အာရပ် မဟာမိတ်တွေရဲ့ တင်းမာမှုကို တစ်ဆစ်ချိုး ပြန်လည် မြင့်တက်လာစေခဲ့ပါတယ်။ ဆော်ဒီနဲ့ အာရပ် မဟာမိတ် အင်အားစုတွေက အရင်က အမေရိကန်ဟာ ယီမင် ပြည်တွင်းစစ်မှာ ပါဝင် ကူညီပေးနေတာတွေကို ရပ်နားလိုက်တဲ့နောက် စစ်ပွဲ အရှိန် ပြန်လျော့သွားမယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ အာရပ် မဟာမိတ် လေတပ်ရဲ့ ဗုံးကြဲမှုတွေကြောင့် ဆာနားမြို့ထဲမှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားခဲ့ရပြီး ကောင်းကင်ယံမှာ မီးခိုးလုံးကြီးတွေ ထိုးတက်လာတာကိုလည်း တွေ့ရပါတယ်။ မဟာမိတ်တွေက ဟိုသီတွေရဲ့ စစ်စခန်းတွေ အပါအဝင် ဆာနားနဲ့ အနီးတဝိုက်က ပစ်မှတ် တချို့ကို ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေ့ မနက် အစောပိုင်းကတော့ ဟိုသီတွေ ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၁၂ စီးနဲ့ ဒုံးကျည် ၂ စင်းကို ကြားဖြတ် ဟန့်တားခဲ့ကြောင်း ဆော်ဒီ စစ်ဘက်က ထုတ်ပြန်ပါတယ်။ ဟိုသီတွေဟာ ဆော်ဒီ ပိုင်နက်ထဲက အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့လည်း ဆော်ဒီ အစိုးရက စွပ်စွဲခဲ့ပါတယ်။ ဟိုသီတွေကတော့ ဆော်ဒီဖက်က စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ အရင်ကလည်း ဟိုသီတွေက ဆော်ဒီကို တိုက်ခိုက်ခဲ့ဖူးသလို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စစ်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့်လာတာကိုလည်း တွေ့ရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးက ယီမင် ပြည်တွင်းစစ်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လူသားရေးရာ အကျပ်အတည်းတွေဆီ ဦးတည်လာခဲ့ကြောင်း ကြေညာထားပါတယ်။

Related Videos

More videos from 7Day TV