သမ္မတထရမ့်၏ ကမ္ဘာ့အခင်းအကျင်းသစ်ထဲက မြန်မာမူဝါဒ ၅ ရပ်နှင့် ဖြစ်တန်ရာခြေများ
Mar 20, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published2 months ago
Duration21:24
Video IDGQL-qqDbcj4
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views340.1K
Likes9.1K
Comments364
Engagement Rate2.77%
Likes per 100 views2.66
Comments per 1K views1.07
Video Tags
Description
သမ္မတထရမ့်၏ ကမ္ဘာ့အခင်းအကျင်းသစ်ထဲက မြန်မာမူဝါဒ ၅ ရပ်နှင့် ဖြစ်တန်ရာခြေများ
…………….
နေပြည်တော်က စိုးရိမ်လာရသည်မှာ သမ္မတထရမ့်က ဗင်နီဇွဲလား၊ အီရန်တို့မှ ရာဇဝတ်အစိုးရများကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန်ကြား မြေရှားသတ္တုစစ်ပွဲတွင်လည်း မြန်မာပြည်က အသုံးချခံဖြစ်နေကြောင်း ဆောင်းပါးရှင်က သုံးသပ်ထားသည်။
အကယ်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏စစ်အုပ်စုသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား အွန်လိုင်းငွေလိမ်မှုများ ကျူးလွန်နေသော တရုတ်ကျားဖြန့်ဂိုဏ်းများ မြန်မာနိုင်ငံထဲ ခြေကုပ်ယူလှုပ်ရှားနေခြင်းကို ဟန်ပြနှိမ်နင်းမှုများသာလုပ်ဆောင်ပြီး၊ ကျားဖြန့်ဂိုဏ်းများမှ အကျိုးအမြတ်များကို ခွဲဝေခံစားနေလျှင်၊ (ထိပ်တန်း စစ်ဗိုလ်ချုပ်အချို့၏ ကျားဖြန့်ဂိုဏ်းများနှင့်ဆက်စပ်မှုများ ပေါ်ပေါက်ခဲ့ပြီးဖြစ်)၊ အမေရိကန်ကို ပစ်မှတ်ထား ဒုက္ခပေးနေသော ကျားဖြန့်လုပ်ငန်းကို မသိကျိုးနွံ ရှင်သန်ခွင့်ပြုထားလျှင်၊ ထိုကဲ့သို့ လုပ်ဆောင်နေကြောင်း SCSF က သက်သေအထောက်အထားများ ခိုင်မာစွာရရှိခဲ့လျှင် မင်းအောင်လှိုင်ကို ဗင်နီဇွဲလား သမ္မတမာဒူရို ထက်ပင် ဖမ်းဆီးရ ပို၍လွယ်ကူပါလိမ့်မည်။ သမ္မတထရမ့်အတွက် မင်းအောင်လှိုင်ကို ဖမ်းဆီးခေါ်ဆောင်ပြီး၊ အမေရိကန် တရားရုံးတွင် အပြစ်ပေး အရေးယူရန် တရားစွဲဆိုနိုင်သော အမှုများကလည်း အဆင်သင့်ရှိထားပြီး ဖြစ်သည်။
သို့သော် မြန်မာသည် အနောက်ကမ္ဘာခြမ်း (Western Hemisphere) က နိုင်ငံတစ်ခုမဟုတ်ဘဲ၊ တရုတ်၏ ဩဇာ လွှမ်းမိုးမှု စက်ဝန်းထဲက (China’s Sphere of Influence) နိုင်ငံအဖြစ် သမ္မတထရမ့် လက်ခံထားမည်ဆိုလျှင် မင်းအောင်လှိုင်သည် မာဒူရို၏ ကံကြမ္မာမျိုး ကြုံတွေ့နိုင်မည့် အလားအလာ နည်းပါးသည်။ သို့သော် ထိုကဲ့သို့ ဖြစ်တန်ရာခြေများ ရှိနေ၍လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် အသည်းအသန် ပေါင်းလျက် ရုရှားနှင့်တရုတ်တို့၏ အကာအကွယ်ကို ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ‘သုတဇော်’ ၏ လေ့လာသုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
-------------------------------------------
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။