ကျောက်ဖြူတိုက်ပွဲပြင်းထန်လာ၊ စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရ

Jun 12, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published2 weeks ago
Duration5:03
Video IDHzl_s0bInVc
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views23.2K
Likes1.1K
Comments56
Engagement Rate4.81%
Likes per 100 views4.57
Comments per 1K views2.42

Description

ကျောက်ဖြူတိုက်ပွဲပြင်းထန်လာ၊ စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရ ——————— ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ အရပ်သားနေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေကိုပါ လေယာဉ်၊ စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်မှုတွေ တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က လူထောင်ချီခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းတချို့လည်း လုံခြုံရေးအခြေအနေကြောင့် လူသူကင်းမဲ့သွားပြီး နောက်တစ်နေရာကို ထပ်မံပြောင်းရွှေ့သွားကြရပါတယ်။ ဇွန်လအစပိုင်းကစပြီး ဒီဒေသတွေမှာ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး အရပ်သားသေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ နေရာတစ်နေရာမှာ အတည်တကျမဟုတ်ဘဲ ထပ်ခါထပ်ခါ တိမ်းရှောင်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်တစ်ဝိုက်မှာ စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းနီးပါးအထိ ရှိလာပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ နှစ်ရှည်စစ်ဘေးရှောင်ဘဝကြောင့် လူတွေမှာ စီးပွားရေး၊ ပညာရေးနဲ့ နေထိုင်ရေးအခက်အခဲတွေ ပိုမိုကြီးမားလာနေပါတယ်။ ညီထွေး/ Myanmar Now ------------------------------------------- Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Videos

More videos from Myanmar Now News