Khit Thit Evening News | March 27, 2026

Mar 27, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published3 months ago
Duration23:20
Video IDIAAviZ0hWLw
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views598.2K
Likes18.3K
Comments473
Engagement Rate3.14%
Likes per 100 views3.06
Comments per 1K views0.79

Description

Khit Thit သတင်းဌာန၏ မတ် ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - အီရန်စစ်ပွဲ နောက်ဆက်တွဲ ဒီဇယ်ဆီဈေး စံချိန်တင်မြင့်တက်မှုကြောင့် မြန်မာ့စီးပွားရေးရဲ့ အဓိက အုတ်မြစ်ဖြစ်ရာ စိုက်ပျိုးရေးနဲ့ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွေ စတင်ပြိုလဲလာနေပြီလို့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်း-UMFCCI ရဲ့ စီးပွားရေးသမားတချို့ကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ရခိုင်စစ်မျက်နှာမှာ ပြီးခဲ့တဲ့ ၁၆ လ ကာလအတွင်းမှာတင် အကြမ်းဖက် စစ်တပ်ဘက်က ဒုတိယ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူး နဲ့ ဗျူဟာမှူးအဆင့်ရှိတဲ့ အဆင့်မြင့်စစ်အရာရှိကြီး ၂၂ ဦးအထိ အသီးသီး သေကုန်ကြတာတွေနဲ့ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေ ရှိခဲ့တာကို ရန်ကုန်ခေတ်သစ်က ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။ - ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ "ကြိုက်တဲ့ PDF ခေါ်လာခဲ့ မကြောက်လို့ အုပ်ချုပ်ရေးမှူး တက်လုပ်တာ"လို့ ပြောပြီး စိန်ခေါ်ထားသူ စစ်တပ်ခန့် အုပ်ကြီး မင်းဇော် ကို သူစိန်ခေါ်ထားတဲ့ PDF ရဲဘော်တွေကပဲ သွားရောက်ပစ်ခတ်ရှင်းလင်းလိုက်ရာမှာ ပွဲချင်းပြီးကို သေသွားပြီလို့ သိရပါတယ်။ အီရန်စစ်ပွဲကြောင့် သီရိလင်္ကာမှာ စီးပွားရေးအကျပ်အတည်းသစ်ဖြစ်လာနေပါတယ်။ လက်ရှိ သီရိလင်္ကာ အလယ်ပိုင်း ကန္ဒီ တောင်ပေါ်မြို့က လူအုပ်ကြီးဟာ ဆီရရှိဖို့အရေး တန်းစီစောင့်ဆိုင်းနေရတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Related Videos

More videos from Khit Thit Media