စစ်ရေးနဲ့ နိုင်ငံရေးကို ပြိုင်တူ အကောင်အထည်ဖော်တာ ဖြစ်တယ် (ရုပ်/သံ)
Mar 31, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 months ago
Duration6:15
Video IDJ45pA33CoIY
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views17.7K
Likes0
Comments124
Engagement Rate0.70%
Likes per 100 views0.00
Comments per 1K views7.01
Description
နွေဦးတော်လှန်ရေးရဲ့ အဓိကအင်အားစုတွေဖြစ်တဲ့ NUG၊ CRPH နဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ KIO၊ KNU၊ KNPP နဲ့ CNF တို့ ပူးပေါင်းပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
ဒီစုဖွဲ့မှုဟာ ၅ နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးစုဖွဲ့မှု အားနည်းချက်တွေကို သင်ခန်းစာယူပြီး စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ ပြိုင်တူတွန်းတင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
SCEF ရဲ့ အဓိက ဦးတည်ချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာတွေကို အပြီးတိုင် ဖယ်ရှားသွားရေးနဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝရောက်ရှိအောင် ဆောင်ရွက်သွားမယ်ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းပြီး အဲဒီဥပဒေကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှကိုလည်း တိုက်ဖျက်သွား ရေးနဲ့ သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းပြီး၊ အဲဒီဥပဒေနဲ့အညီ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်သွားဖို့ ရည်မှန်းထားကြောင်းလည်း ပါပါတယ်။
အလားတူ ပဋိပက္ခတွေအတွင်း မတရားကျူးလွန်ခံခဲ့ရသူတွေအတွက် တရားမျှတမှုရရှိအောင် ဖော်ဆောင်ပေးမှာဖြစ်သလို၊ အသွင်းကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ဖက်ဒရယ် #SCEF #KNPP #KIO #KNU #CNF #NUG #NUCC #CRPH #What'sHappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation