Khit Thit Morning News | March 30, 2026

Mar 30, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published3 months ago
Duration21:27
Video IDJicRnWJwWC4
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views453.6K
Likes12.5K
Comments344
Engagement Rate2.83%
Likes per 100 views2.76
Comments per 1K views0.76

Description

Khit Thit သတင်းဌာန၏ မတ် ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်တပ်က စနစ်တကျစီစဉ်ထားတဲ့အတိုင်း သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ် တင်မြှောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အသီးသီးက ဒုတိယသမ္မတတွေကို အဆိုပြုမယ့်အစည်းအဝေးကို ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ - ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နောင်ချိုမြို့နယ်အခြေစိုက် ခလရ ၁၄၇ တပ်ရင်းက တပ်ကြပ်ကြီးကျော်စိုးဟာ စစ်မှုထမ်းတပ်သား မောင်ကိုကိုထက်ကို ရွာသား တွေရှေ့မှာ လူမဆန်စွာ ရိုက်နှက်နှိပ်စက်နေတယ်လို့ တပ်ရင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။ - ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က လူငယ် ၃ ယောက်ကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ခဲ့ပြီးတော့ ရုပ်အလောင်းတွေဘေးမှာ သေနတ်ချထားပြီး ဓာတ်ပုံရိုက်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလို လိမ်လည်ဝါဒဖြန့်ခဲ့ကြောင်း Chinland Defense Force – ဟားခါးမှ တာဝန်ရှိသူတစ်ယောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ - မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန်ပြည်မကြီးအထိ ရောက်အောင်ပစ်နိုင်တဲ့ လက်နက်တွေမှာသုံးဖို့ အဆင့်မြှင့်ထားတဲ့ အစိုင်အခဲလောင်စာသုံး အင်ဂျင်စမ်းသပ်မှုကို ကိုယ်တိုင်သွား ကြည့်ခဲ့တယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ နိုင်ငံပိုင်သတင်းဌာန (KCNA) က ထုတ်ပြန်လိုက်ပါတယ်။

Related Videos

More videos from Khit Thit Media