ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လားရှိုးအကျဉ်းထောင်မှာပြောင်းရွှေ့ထား
Mar 8, 2021•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
PublishedMar 8, 2021
Duration1:49
Video IDMIlmTGi-6Sc
Languageen
CategoryEntertainment
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views14.3K
Likes247
Comments11
Engagement Rate1.81%
Likes per 100 views1.73
Comments per 1K views0.77
Description
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လားရှိုးအကျဉ်းထောင်မှာပြောင်းရွှေ့ထား
မတ် − ၈ ၊၂၀၂၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လားရှိုးအကျဉ်းထောင်မှာ ပြောင်းထားတယ်လို့ စုံစမ်းသိရှိရပြီး မိသားစုနဲ့အဆက်အသွယ်မရဘူးလို့ သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က ပြောပါတယ်။
ဦးထွန်းထွန်းဟိန်ကို နောင်ချိုကနေ ဖေဖော်ဝါရီ ၁၀ရက်နေ့က လာခေါ်သွားပြီး လားရှိုး ရမခ တပ်ထဲမှာ ထားရာကနေ ပြီးခဲ့တဲ့ မတ်လ၅ရက်နေ့မှာတော့ လားရှိုးအကျဉ်းထောင်ကို ပို့လိုက်ကာရမန်ယူထားကြောင်း သတင်းရတယ်လို့လည်း သမီးဖြစ်သူက ပြောပါတယ်။
ဦးထွန်းထွန်ဟိန်လိုပဲ လားရှိုးအကျဉ်းထောင်ထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၆၀ကျော်လောက်ရှိနေတယ်လို့သိရပြီး သူတို့လည်း မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁ရက် မနက်အစောပိုင်းမှာ အာဏာသိမ်းချိန်က ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ထားခဲ့တာပါ။
အဲဒီနောက် ဖေဖော်ဝါရီလ ၇ရက်နေ့မှာတော့ ဇာတိဖြစ်တဲ့ နောင်ချိုမှာ နေဖို့ပြောခဲ့တာကြောင့် နောင်ချိုမှာ နေခဲ့ပြီး ၃ ရက်အကြာမှာ ထပ်မံခေါ်ဆောင်သွားခဲ့ကာ အခုချိန်ထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။
Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook: https://www.facebook.com/7DayOnlineTV/
Twitter: https://twitter.com/7Day_TV