တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ် တွေ့ဆုံဆွေးနွေး #china

Feb 27, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published3 months ago
Duration7:48
Video IDN1-u5255fpw
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views84
Likes0
Comments0
Engagement Rate0.00%
Likes per 100 views0.00
Comments per 1K views0.00

Description

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ် တွေ့ဆုံဆွေးနွေး ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် ကမ္ဘာ့ ဒုတိယနှင့် တတိယအကြီးဆုံး စီးပွားရေးအစုအဖွဲ့များ ကိုယ်စီဖြစ်ကြရာ တရုတ်-ဂျာမနီ ဆက်ဆံရေးသည် နှစ်နိုင်ငံအကျိုးစီးပွားနှင့် သက်ဆိုင်ရုံသာမက ဥရောပနှင့် ကမ္ဘာကြီးအတွက်လည်း အရေးပါသည့် ဆက်စပ်သက်ရောက်မှုများ ရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ လက်ရှိနိုင်ငံတကာ အခြေအနေသည် ဒုတိယကမ္ဘာစစ် အဆုံးသတ်ပြီးနောက်ပိုင်း အနက်ရှိုင်းဆုံးသော ဆင့်ကဲပြောင်းလဲမှုများကို ဖြတ်သန်းနေရကြောင်း၊ ကမ္ဘာကြီး ပြောင်းလဲရှုပ်ထွေးမှု ပို၍များပြားလာသည်နှင့်အမျှ တရုတ်-ဂျာမနီ နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ရန်၊ မဟာဗျူဟာအပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်၊ တရုတ်-ဂျာမနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုအသစ်များ စဉ်ဆက်မပြတ်ရရှိရေး တွန်းအားပေးရန် ပို၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်-ဂျာမနီ ဆက်ဆံရေး တိုးတက်မှု ထပ်မံမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရှီကျင့်ဖိန်က သဘောထား ၃ ချက် အဆိုပြုခဲ့သည်။ ပထမအနေဖြင့် အပြန်အလှန်ထောက်ခံအားပေးသော ယုံကြည်စိတ်ချရသည့် မိတ်ဖက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တရုတ်-ဂျာမနီ နှစ်နိုင်ငံစလုံးသည် ကိုယ့်ခြေထောက်ပေါ်တွင် ကိုယ်ရပ်တည်ကာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြရာ အပြန်အလှန်လေးစား၍ အပြန်အလှန်ယုံကြည်မှု၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ထားလျက် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော အောင်မြင်မှုအကြောင်းအရာများကို ရေးသားခဲ့ကြခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ခိုင်မာစွာ လက်ကိုင်ထားပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို ဖော်ဆောင်ရန် စွမ်းရည်နှင့် ယုံကြည်ချက်ရှိရာ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ဂျာမနီအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဆက်လက် မျှဝေသွားမည် ဖြစ်ကြောင်း၊ ဂျာမနီဘက်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ရန်၊ တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်၍ လက်တွေ့ကျသော မူဝါဒများ ကျင့်သုံးရန်၊ တရုတ်နိုင်ငံနှင့်အတူ တရုတ်-ဂျာမနီ ဆက်ဆံရေး ရေရှည် တည်ငြိမ်စွာ ရှေ့ဆက်လျှောက်လှမ်းမှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒုတိယအနေဖြင့် တံခါးဖွင့်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဆန်းသစ်တီထွင်မှုမိတ်ဖက်အဖြစ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ဂျာမနီအစိုးရက နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ် စသည့် ကဏ္ဍများတွင် အဆိုပြုခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအသစ်များသည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ” စမတ်အသွင်၊ အစိမ်းရောင်အသွင်၊ ပေါင်းစည်းမှုအသွင် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်နှင့် အလွန် ကိုက်ညီကြောင်း၊ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံ လူရည်ချွန်၊ ဗဟုသုတ၊ နည်းပညာကဏ္ဍ နှစ်ဖက်အပြန်အလှန်စီးဆင်းမှုကို ထောက်ခံရန်၊ ဉာဏ်ရည်တု စသည့် ခေတ်ရှေ့ပြေးကဏ္ဍများ၌ တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လုပ်ဆောင်သင့်ကြောင်း၊ နှစ်ဖက်အနေဖြင့် ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ဆက်ဆံရေးကို မှန်ကန်စွာ ကိုင်တွယ်ကာ အပြန်အလှန်အကျိုးရှိ၍ ဘုံအကျိုးစီးပွားဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ရှာဖွေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ် ချောမွေ့စွာ စီးဆင်းရန် အတူကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua) #China #Germany #XiJinping #တရုတ် #ဂျာမနီ #ရှီကျင့်ဖိန်

Related Videos

More videos from Xinhua Myanmar