ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ကတိခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာ #FormerThaiPM #Thaksin#Release

May 12, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published3 weeks ago
Duration0:51
Video IDP9IBG0bTUKc
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views10K
Likes120
Comments0
Engagement Rate1.20%
Likes per 100 views1.20
Comments per 1K views0.00

Description

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ကတိခံဝန်ချက်ဖြင့် ဘန်ကောက်မြို့ရှိ ခလောင် ပရင်မ် ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ ဘန်ကောက်၊ မေ ၁၂ ရက် (ဆင်ဟွာ) ပြစ်ဒဏ်ကျခံနေရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအား ၎င်းကျခံရမည့် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်မှ ကျန်ရှိနေသော ထောင်ဒဏ်လေးလအတွက် ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးရန် အာဏာပိုင်များက ခွင့်ပြုခဲ့ပြီးနောက် ၎င်းမှာ ဘန်ကောက်မြို့ရှိ ခလောင် ပရင်မ် ဗဟိုအကျဉ်းထောင်မှ မေ ၁၁ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ သက်ဆင်မှာ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်ဝန်းကျင်၌ အများပြည်သူရှေ့သို့ ထွက်ပေါ်လာခဲ့ပြီး ကတိခံဝန်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ဆိုင်ရာ ပုံမှန်သတ်မှတ်ချက်အရ ၎င်း၏ပြစ်ဒဏ် သုံးပုံနှစ်ပုံကို ကျခံခဲ့သည့် အကျဉ်းထောင်ရှေ့၌ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းခဲ့သည်။ ၎င်းနှင့် ၎င်း၏မိသားစုက ထိုင်းနိုင်ငံအလံအား ဦးညွှတ်အလေးပြုခဲ့ကာ ထောက်ခံသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၅ မိနစ်ဝန်းကျင်၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ ထို့နောက် သက်ဆင်သည် ဘန်ကောက်မြို့ရှိ ခံဝန်ချုပ်ဆိုင်ရာ ကြီးကြပ်ရေးရုံးသို့ ထွက်ခွာသွားခဲ့ရာ ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားသည့် အကျဉ်းထောင် အဆောက်အအုံဝင်းအပြင်ဘက်၌ စုဝေးနေကြသည့် အနီရောင်ရှပ်အင်္ကျီကိုယ်စီ ဝတ်ဆင်ထားသော လူအုပ်ကြီးက ၎င်းအား ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ သက်ဆင်သည် လွန်ခဲ့သည့်လက ကျင်းပခဲ့သည့် ခံဝန်ချုပ်ဖြင့် ပြစ်ဒဏ်မှ ပြန်လွှတ်ပေးရေးဆိုင်ရာကော်မတီ အစည်းအဝေး၌ ပြစ်ဒဏ်မှ စောစီးစွာပြန်လွှတ်ပေးရန် ခွင့်ပြုခဲ့သည့် အကျဉ်းသား ၈၅၀ ကျော်ထဲတွင် ပါဝင်ခဲ့ကာ ၎င်းမှာ အသက် ၇၀ ကျော်အရွယ် ရှိနေခြင်း၊ ခံဝန်ချုပ်ဖြင့် အကျုံးဝင်သည့် ပြစ်ဒဏ်တစ်နှစ်အောက်သာ ကျန်ရှိနေခြင်း စသည့် အချက်များကြောင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု အကျဉ်းဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။ ၎င်းအနေဖြင့် အီလက်ထရောနစ် စောင့်ကြည့်ကိရိယာ ဝတ်ဆင်ရန်၊ ခံဝန်ချုပ်ထားရှိခြင်းအတွက် စိစစ်ကြပ်မတ်မှုခံယူရန်၊ သက်ဆိုင်ရာ အာဏာပိုင်များကို အချိန်မှန်သတင်းပို့ရန်၊ စက်တင်ဘာ ၉ ရက်၌ ထောင်ဒဏ်တစ်နှစ်ပြစ်ဒဏ် တရားဝင်မပြီးဆုံးမီအချိန်ထိ ပြည်ပသို့ သွားရောက်ခြင်းမပြုရန် စသည့် တင်းကျပ်သော ခံဝန်ချုပ်ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရမည်ဟုလည်း အကျဉ်းဦးစီးဌာနက ပြောသည်။ ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနလက်အောက်ရှိ ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခြင်းဆိုင်ရာ ကော်မတီက ဧပြီ ၂၉ ရက် အစည်းအဝေး၌ သက်ဆင်အား မေ ၁၁ ရက်၌ ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်သည့် သက်ဆင်မှာ ၂၀၀၁ ခုနှစ်နှင့် ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ သို့သော် ၎င်း၏ ဒုတိယမြောက် သက်တမ်း၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ သက်ဆင်မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်မှာပင် ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်ကာလကနှင့် သက်ဆိုင်သည့် ပြစ်မှုသုံးခုအတွက် ထောင်ဒဏ်ရှစ်နှစ် ကျခံခဲ့ရသည်။ ၎င်းအနေဖြင့် အကျဉ်းထောင်၌ တစ်ရက်မပြည့်မီမှာပင် ကျန်းမာရေးအခြေအနေ စိုးရိမ်ရခြင်းကြောင့်ဟုဆိုကာ ဘန်ကောက်အကျဉ်းထောင်မှ ရဲဘက်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခဲ့ပြီးနောက် ၎င်း၏ပြစ်ဒဏ်အား တစ်နှစ်သို့ လျှော့ချပေးခဲ့သည်။ သို့သော် သက်ဆင်အနေဖြင့် ဆေးရုံ၌ ခြောက်လကြာ ပြစ်ဒဏ်ကျခံမှုမှာ တရားဝင်ခွင့်ပြုထားခြင်း မရှိသည့်အတွက် ထိုကာလကို ထည့်သွင်းတွက်ချက်ခြင်းမပြုကြောင်း ထိုင်းတရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ပြန်လည်ကျခံခဲ့ရသည်။ သက်ဆင်သည် ၂၀၁၅ ခုနှစ်က ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူးဖြေကြားစဉ်အတွင်း ၎င်း၏ မှတ်ချက်စကားများနှင့် ပတ်သက်၍ အောက်တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည့်အပေါ် ထိုင်းရှေ့နေချုပ်က အယူခံဝင်ခဲ့ပြီးနောက် ၎င်းအနေဖြင့် တော်ဝင်အသရေဖျက်မှုဆိုင်ရာ သီးခြားအမှုတစ်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ (Xinhua) #FormerThaiPM #Thaksin #Release #ထိုင်းဝန်ကြီးချုပ်ဟောင်း #သက်ဆင် #လွတ်မြောက်

Related Videos

More videos from Xinhua Myanmar