အီရန်ဆန္ဒပြပွဲတွေမှာ သေဆုံးသူတွေရဲ့အလောင်းကို ထုတ်ဖို့ အာဏာပိုင်တွေက ငွေအဆမတန်တောင်း
Jan 16, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published5 months ago
Duration2:55
Video IDQtVhVCxW-r8
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views1.8K
Likes143
Comments7
Engagement Rate8.40%
Likes per 100 views8.01
Comments per 1K views3.92
Description
အီရန်နိုင်ငံ မြို့တော် တီဟီရန်ရဲ့ တောင်ဘက်မှာရှိတဲ့ မြို့လေးတစ်မြို့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသူတွေထဲမှာ နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးလို့ ဩစတြေးလျနိုင်ငံ
ဆစ်ဒနီမြို့ကနေ အီရန်က နေအိမ်ကို ပြန်လာတဲ့ အလီဆိုသူလည်း ပါဝင်ခဲ့ပါတယ်။
သူဟာ အီရန်နွယ်ဖွား သြစတြေးလျနိုင်ငံသား တစ်ဦးလည်း ဖြစ်ပါတယ်။
အခုအခါ သူဟာ တူရကီနိုင်ငံကို ရောက်ရှိသွားပြီး အီရန်ဆန္ဒပြပွဲတွေမှာ အင်မတန် များပြားလှတဲ့ လူအုပ်ကြီး အကြောင်းနဲ့ လူတန်းစား အလွှာပေါင်းစုံက လူတွေ ပါဝင်တဲ့ အကြောင်း လုံခြုံရေးအရ အလီလို့ နာမည်ပြောင်းပြီး ABC သတင်းဌာနကို သူက အခုလို ပြောပြ ပါတယ်။
အကြမ်းဖက်နှိမ်နှင်းမှုတွေ မြင့်တက်လာတဲ့ ဒီဆန္ဒပြပွဲတွေမှာ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက သေဆုံးသွားသူတွေရဲ့ အလောင်းပြန်ထုတ်ပေးဖို့ ငွေညှစ်တာတွေ ရှိတယ်လို့ အလီက ဆိုပါတယ်။