အနုပညာရှင်တွေကို ခွဲစိတ်ပေးခဲ့တဲ့ အလှအပဆရာဝန် အဖမ်းခံရ (ရုပ်/သံ)

Mar 6, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published3 months ago
Duration4:59
Video IDRD8WNVeAtEs
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views131.1K
Likes0
Comments104
Engagement Rate0.08%
Likes per 100 views0.00
Comments per 1K views0.79

Description

မြန်မာနိုင်ငံက အနုပညာရှင်တွေအပါအဝင် လူအများအပြားကို အလှအပရေးရာ ခွဲစိတ်မှုတွေလုပ်ပေးခဲ့တဲ့ ကြည်ချမ်းကိုအပါအဝင် ၂ ဦးကို အလှအပဆိုင်ရာ ဆေးကုသမှုလိုင်စင်မရှိဘဲ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ တိုကျို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မတ်လ ၅ ရက်နေ့ထုတ် ဂျပန်သတင်းတွေက ဖော်ပြပါတယ်။ သူတို့နှစ်ဦးဟာ ဂျပန်နိုင်ငံမှာ ၂၀၂၅ ခုနှစ် မေလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အထိ ဆေးကုသခွင့်လိုင်စင်မရှိဘဲ မြန်မာအမျိုးသမီး ၃ ဦးကို အလှအပဆိုင်ရာ ခွဲစိတ်မှု ၅ ကြိမ်လုပ်ခဲ့တယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။ သူတို့ဆီမှာ အလှအပ ခွဲစိတ်မှုလုပ်ခဲ့သူတွေက ခွဲစိတ်ပြီးနောက် မျက်လုံးဖွင့်ရ ခက်ခဲလာတာကြောင့် ဂျပန်ရဲတပ်ဖွဲ့ဆီ တိုင်ကြားရာမှတဆင့် အမှုပေါ်ပေါက်ပြီး ဖမ်းဆီးခံရတာလို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ၂ ဦးအနက် စိုးဝင်းနိုင်ကတော့ ခွဲစိတ်မှုတွေမှာ အကူအညီ ပေးခဲ့သူလို့ ထွက်ဆိုထားပြီး၊ ကြည်ချမ်းကိုကတော့ စွဲချက်တွေကို ငြင်းဆိုထားသလို ဆေးကုသလုပ်ငန်းတွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးကြောင်း ထွက်ဆိုတားတယ်လို့ ဂျပန်သတင်းတွေက ဖော်ပြပါတယ်။ #မြန်မာ #ဧရာဝတီ #ကြည်ချမ်းကို #ဂျပန် #WhatIsHappensInMyanmar စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy

Related Videos

More videos from The Irrawaddy News