ကီလီယန် အမ်ဘာပေက၎င်းမှာရီးရဲလ်မက်ဒရစ်တွင်"စတုတ္ထဦးစားပေးတိုက်စစ်မှူး"ဖြစ်နေဟုဆို#Mbappe #RealMadrid
May 15, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published1 month ago
Duration0:30
Video IDROt0zVqX_68
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views12.7K
Likes156
Comments0
Engagement Rate1.23%
Likes per 100 views1.23
Comments per 1K views0.00
Description
ကီလီယန် အမ်ဘာပေက ၎င်းမှာ ရီးရဲလ်မက်ဒရစ်တွင် "စတုတ္ထဦးစားပေး တိုက်စစ်မှူး" ဖြစ်နေဟုဆို
မက်ဒရစ်၊ မေ ၁၅ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ၎င်းမှာ နည်းပြ၏ "စတုတ္ထဦးစားပေး တိုက်စစ်မှူး" ဖြစ်နေသည်ဟု မေ ၁၄ ရက်က အင်တာဗျူးတစ်ခု၌ ဖွင့်ဟပြောဆိုခဲ့ကာ အသင်းအနေဖြင့် ဇန်နဝါရီလတွင် နည်းပြ ဇာဘီအလွန်ဆိုကို ထုတ်ပယ်ခဲ့ခြင်းမှာ မှားယွင်းသည့်လုပ်ရပ် ဖြစ်သည်ဟုလည်း အရိပ်အမြွက်ပြောဆိုခဲ့သည်။
အမ်ဘာပေမှာ ရီးရဲလ် အိုဗီယေဒိုအသင်းကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ လူစားဝင်ကစားသမားအဖြစ် မိနစ် ၂၀ ပါဝင်ကစားခဲ့ပြီးနောက် မီဒီယာများကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းမှာ တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာ၏နေရာတွင် လူစားဝင်ရောက်စဉ် ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးထဲမှ ပရိသတ်အများစုက ၎င်းအား အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ၎င်း ဘောလုံးနှင့်ထိသည့် အကြိမ်တိုင်းတွင်လည်း လှောင်ပြောင်ခဲ့ကြသည်။
"သူတို့ မပျော်ရွှင်ကြပါဘူး။ ဒါက အဲဒီလှောင်ပြောင်မှုတွေကို နားလည်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ" ဟု အမ်ဘာပေက ဆိုသည်။
အဆိုပါ ပြင်သစ်တိုက်စစ်မှူးမှာ တံကောက်ကြောဒဏ်ရာကြောင့် အက်စပန်ညိုအသင်းနှင့် ပွဲစဉ်ကိုလည်းကောင်း၊ လွန်ခဲ့သည့် သီတင်းပတ်ကုန်က ဘာစီလိုနာအသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်ကိုလည်းကောင်း လွဲချော်ခဲ့ပြီးနောက် ယခုပွဲစဉ်၌ ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်သည်။
"ဘာစီလိုနာနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တာက စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ ဒီလိုမျိုးဖြစ်တတ်တာပါပဲ။ ကျွန်တော် သူတို့ကို အမြဲတမ်းဂိုးသွင်းနေကျလေ" ဟု အမ်ဘာပေက ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝနေပြီဟုလည်း အခိုင်အမာပြောခဲ့သည်။
ထို့နောက် အဆိုပါတိုက်စစ်မှူးက နည်းပြ အယ်လ်ဗာရို အာဘီလိုအာနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။ "ကျွန်တော်က မန်နေဂျာရဲ့ စတုတ္ထဦးစားပေး တိုက်စစ်မှူးဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒါကိုလက်ခံပြီး သူကစားခွင့်ပေးသလောက်ပဲ ကစားပါတယ်" ဟု အမ်ဘာပေက ဆိုသည်။
"ကျွန်တော် ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေပါပြီ။ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို အမြဲတမ်းလေးစားရမှာမို့လို့ ကျွန်တော် သူ့ကို မကျေမနပ်မဖြစ်ပါဘူး။ ကျွန်တော် ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော် ဒီကနေပြောရတာကို ပိုသဘောကျပါတယ်။ ပွင့်ပွင့်လင်းလင်း ထုတ်မပြောတဲ့သူတွေလည်း ရှိကြပေမဲ့ ကျွန်တော်ကတော့ ဒီကနေပြောရတာကို ပိုသဘောကျတယ်။ အဲဒါက ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်စေတယ်လေ" ဟု အမ်ဘာပေက ပြောသည်။
"ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တစ်ခုတည်းသောတာဝန်က ခြေစွမ်းပြကစားနိုင်ဖို့ပါပဲ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အနေဖြင့် ယခုရာသီတွင် ဆုဖလားတစ်လုံးမှ ရယူနိုင်ခဲ့ခြင်းမရှိသည့် အခြေအနေအပေါ် သုံးသပ်ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ ဒီရာသီမှာ အကောင်းဆုံးစတင်နိုင်ခဲ့ပေမဲ့ ဒုတိယရာသီဝက်မှာတော့ အရာအားလုံးကို ဆုံးရှုံးခဲ့ရတယ်။ အဲဒါက သိပ်ကိုနာကျင်စရာပါပဲ" ဟု ၎င်းက ပြောကြားခဲ့ပြီး နည်းပြဟောင်း အလွန်ဆိုအပေါ် ထောက်ခံသည့် မှတ်ချက်စကားများကို ပြောကြားခဲ့သည်။
"ကျွန်တော်တို့မှာ ကိုယ်ပိုင်ကစားဟန်တစ်ခု၊ စုဖွဲ့မှုတစ်ခု ရှိခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒါက ကစားသမားတစ်ယောက်အတွက် သိပ်ကိုနာကျင်စရာပါပဲ... ကျွန်တော်နဲ့ ဇာဘီကြားမှာ ဆက်ဆံရေးကောင်းတစ်ခုရှိတယ်။ အဲ့ဒါက အရင်တုန်းကပါ။ ကျွန်တော် သူ့အပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနာဂတ်အတွက်စဉ်းစားပြီး ပိုတိုးတက်လာအောင်၊ ပိုကောင်းလာအောင် လုပ်နိုင်ရမယ်လေ" ဟု အမ်ဘာပေက ဆိုသည်။ (Xinhua)
#Mbappe #RealMadrid #Interview #အမ်ဘာပေ #ရီးရဲလ်မက်ဒရစ် #အင်တာဗျူး