ကျနော်တို့မှာ အကာအကွယ် မရှိဘူး၊ ယုံကြည်ချက်ပဲ ရှိတယ် (ရုပ်/သံ)
Mar 31, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published2 months ago
Duration6:34
Video IDSyUlgI7s2r8
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views12.2K
Likes0
Comments30
Engagement Rate0.25%
Likes per 100 views0.00
Comments per 1K views2.46
Description
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး၊ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးအပါ အရေးကြီး အချက် ၉ ချက်ကို ပြည်တွင်းနိုင်ငံရေး အင်အားစုများ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Political Coordination Body) PCB က ယနေ့ တောင်းဆိုလိုက်သည်။
PCB တောင်းဆိုချက်များတွင် အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အာမခံရေး၊ အရပ်သားများ ထိခိုက်စေမည့် စစ်ရေးဆောင်ရွက်ချက်များ၊ ပြည်သူနှင့်သက်ဆိုင်သော ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်းများကို တိုက်ခိုက်ခြင်းများကို ဘက်အသီးသီးက ရှောင်ရှားရေးတို့ ပါဝင်သည်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) များအပေါ် အရေးမယူရေး၊ ပြည်သူများ၏ လွတ်လပ်စွာသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းခွင့်များ မပိတ်ပင်ရေး၊ စစ်ဘေးသင့်ပြည်သူများအား ကုစားပေးရေးနှင့် လူသားချင်းစာနာမှုအကူအညီများအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ပရောက်အင်အားစုများ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မည့် အခင်းအကျင်းဖော်ဆောင်ရေး၊ သက်ဆိုင်သူအားလုံးပါသော ဖက်ဒရယ်ဒီမိုကရေစီ ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ကြိုးပမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရန် အာဆီယံ၊ ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့လည်း တောင်းဆိုထားသည်။
PCB တွင် ပါဝင်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်အား ယင်းသို့ ထုတ်ပြန်ရခြင်း ရည်ရွယ်ချက်အကြောင်း ဧရာဝတီက ရဲ့ အမှုဆောင်အယ်ဒီတာ ရဲနည်က ဆက်သွယ်မေးမြန်းထားသည်။
#မြန်မာ #ဧရာဝတီ #ဦးစိုင်းညွန့်လွင် #SNLD #PBC #Interviews #What'sHappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation