ထိုင်ဝမ်အရေး ကိုင်တွယ်မှုမှားရင် တရုတ်နဲ့ အမေရိကန်တို့ ထိပ်တိုက် တွေ့နိုင်တယ်လို့ ရှီကျင့်ဖျင် ပြော
May 14, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published1 month ago
Duration3:18
Video IDT_7buEVaLKA
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views46.1K
Likes2K
Comments142
Engagement Rate4.56%
Likes per 100 views4.25
Comments per 1K views3.08
Description
ထိုင်ဝမ်အရေး ကိုင်တွယ်မှု မှားယွင်းရင် တရုတ်နဲ့ အမေရိကန်တို့ ထိပ်တိုက် တွေ့နိုင်တယ်လို့ ရှီကျင့်ဖျင် ပြော
-----------------
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ လိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၁၃ ရက်ညပိုင်းက တရုတ်နိုင်ငံ မြို့တော်ပေကျင်းကို ရောက်ရှိခဲ့ကြပါတယ်။
သမ္မတထရမ့်နဲ့ အဖွဲ့ကို တရုတ်နိုင်ငံ ဒုသမ္မတ ဟန်ကျန်း (Han Zheng) က ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ဒီနေ့ မေလ ၁၄ ရက် မနက်မှာတော့ တရုတ်သမ္မတရှီကျင့်ဖျင်က သမ္မတထရမ့်ကို “နိုင်ငံတော်ပြည်သူ့ခန်းမဆောင်” (the Great Hall of the People) ရှေ့မှာ နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။
ဒီနေ့ ပထမဆုံးပြုလုပ်တဲ့ ဆွေးနွေးပွဲနေ့မှာတော့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အပြန်အလှန် နှုတ်ခွန်းဆက်စကားတွေ ပြောကြရာမှာ ရှီကျင့်ဖျင်က တရုတ်နဲ့ အမေရိကန်တို့ဟာ "ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေ" ဖြစ်သင့်တယ်လို့ ပြောခဲ့သလို ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ကြရင် နှစ်ဖက်စလုံး နစ်နာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
သမ္မတ ထရမ့်ကလည်း သူနဲ့ ရှီကျင့်ဖျင်ကြားမှာ ပြဿနာတစ်ခုခု ကြုံလာတိုင်း ဖုန်းဆက်ပြီး အဖြေရှာလေ့ ရှိတာတွေ၊ ရှေ့လျှောက် အမေရိကန်နဲ့တရုတ် ဆက်ဆံရေးဟာ အရင်ကထက် ပိုပြီး ကောင်းမွန်လာမှာဖြစ်သလို၊ နှစ်နိုင်ငံမှာ အံ့ဩဖို့ကောင်းတဲ့ အနာဂတ်တစ်ခု အတူတူရှိလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်တို့အကြား ဆက်ဆံရေးမှာ အားလုံးစိတ်ဝင်စားနေကြတဲ့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်အရေးကို အလွဲအချော် ကိုင်တွယ်မိမယ်ဆိုရင် အမေရိကန်နဲ့ တရုတ်တို့ကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။