Mee Bandung

Jun 15, 2024Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

PublishedJun 15, 2024
Duration6:46
Video IDZvfxacLLgvc
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views2.6K
Likes0
Comments9
Engagement Rate0.34%
Likes per 100 views0.00
Comments per 1K views3.42

Description

Mee Bandung အင်ဒိုနီးရှားခေါက်ဆွဲ ဆိုဖီယာခုတလောအန်တီကြီးတယောက်ဆီကအင်ဒိုအစားစာနဲ့မလေးအစားစာချက်နည်းသင်နေလို့သူငယ်ချင်းတို့ကိုမျှဝေပေးလိုက်တယ်နော် ။ဘယ်နိုင်ငံဘယ်လူမျိုးမဆိုသူတို့ရိုးရာသူတို့ဓလေ့ချက်နည်းလေးတွေရှိကြတယ်။အဲ့ဒီထည်းကမှကိုယ်တွေအကြိုက်နဲ့နီးစပ်တာလေးတွေသင်ယူဖြစ်တယ်။ဒီခေါက်ဆွဲလေးကိုလည်းနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ရိုးရိုးလေးနဲ့ထူးခြားတဲ့အရသာလေးပါ။ ဆိုဖီယာကတော့ နှစ်ပွဲဆင့်စားဖြစ်တယ် :) ချက်စားကြည့်ရအောင်နော် ။ ဟင်းရည်အတွက်ပါဝင်ပစ္စည်း (ဆယ်ပွဲစာ) **************** ဂျုံခေါက်ဆွဲအစို - ၂ ကီလို ကြက်သား - ၅၀၀ ဂရမ် ငရုပ်သီးအနှစ် - ၂၀၀ ဂရမ် (အရမ်းမစပ်တဲ့ငရုပ်သီးခြောက်ကိုကြိတ်ထားတာ) ကြက်သွန်ဖြူ - ၃မြောင်း ငါးအသားလုံး - နှစ်ထုပ် ပြည်ကြီးငါး သို့ ပုဇွန် - အနည်းငယ် မုန်လာဥနီ - တစ်တောင့် မုန်ညင်းရွက် သို့ ပဲပင်ပေါက် - တစ်စည်း ကြက်သားတုံး - နှစ်တုံး (chicken stock ) ဆား - လိုသလောက် Chilli Sauce - ၅ ဇွန်းစားပွဲတင်ဇွန်း Tomato ketchup - ၅ ဇွန်း ဆီ - ၁၀၀ ဂရမ် ရေ - ၄လီတာ ကော်မှုန့် - စားပွဲတင်ဇွန်း ၃ဇွန်း ကြက်ဥ - ဆယ်လုံး တရုပ်နံနံ - တစ်စည်း ကြက်သွန်ကြော် - လိုသလာက် ငရုပ်သီးချဉ် - လိုသလောက် တွဲဖက်စားရန် ပြင်ဆင်ချက်ပြုတ်နည်း ************ (၁)ကြက်သားကို အတုံးသေးသေးတုံးထားပါ။မုန်လာဥကို ခပ်ထူထူလှီးထားပါ။ငရုပ်သီးခြောက်အပွတောင့်ကို ရေစိမ်ပြီးကြိတ်ထားပါ။ (၂)အားလုံးအဆင်သင့်ဖြစ်ပါကချက်မည့်အိုးတွင်ဆီထည့်ပြီးငရုပ်သီးအနှစ်၊ကြက်သွန်ဖြူ၊ကြက်သားတို့ကိုဆီသပ်ပါ။ (၃)ကြက်သားကျက်ပါကရေထည့်ပါ။ကြက်သားတုံးchicken stock ထည့်ပါ။tomato ketchup ၊Chilli Sauce ထည့်ပါ။ မုန်လာဥ၊ငါးလုံးနှင့်ပြည်ကြီးငါးသို့ပုဇွန်ထည့်ပြီးမီးအေးအေးဖြင့်ဆူပွက်အောင်တည်ထားပါ။အရသာလိုအပ်ပါကဆားအနည်းငယ်ထည့်ပါ။ (၄)ဟင်းရည်အရသာကျပါကလိုအပ်သောရေပမာဏထပ်ရေပေးပြီးပွက်အောင်တည်ပါ။အရသာအပါ့အငံမြည်းပါ။ (၅)ဆူပွက်လာပါကကော်မှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီးဟင်းရည်အိုးထည်းဖြည်းဖြည်းလောင်းထည့်ကာခပ်မြန်မြန်မွေပေးပါ။ (၆)ကြက်ဥဆယ်လုံးကိုဖောက်ထားပြီးတလုံးဆီပုံမပျက်ချပေးပြီးမီးပိတ်ထားပါ။ငါးမိနစ်ခန့်ထားပြီးမှသာကြက်ဥကျက်မှသာလျှင်ပွဲပြင်ရန်အတွက်ပြင်ဆင်ပါ။ (၇)တွဲဖက်ငရုပ်ချဉ်အတွက်ငရုပ်သီးအရှည် အပွတောင့်ကိုအကွင်း လှီးပြီး Apple cider vinegar သို့ ရှာလကာရည် နှင့့်သကြား ဆားတို့ထည့်ပြီးစိမ်ထားပါ။ (၈)ခေါက်ဆွဲဖျောရန်ရေဆူအိုးတည်ထားပါ။ရေဆူတွင် ခေါက်ဆွဲ မုန်ညင်းနှင့်ပဲပင်ပေါက်ကိုဖျောပြီးပန်းကန်တွင်ထည့်ပါ။ (၉)ဟင်းရည်အိုးထည်းမှ ငါးလုံး ကြက်ဥနှင့်အသားတို့က်ို မျှအောင်ခပ်ပြီး ခေါက်ဆွဲပေါ်ဆမ်းပေးပါ။အပေါ်မှ ကြက်သွန်ကြော်နှင့် တရုပ်နံနံဖြူးပေးပြီးငရုပ်ချဉ်နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Related Videos

More videos from Sofia Food Paradise