တရုတ် ကလေးငယ်တွေကို အငှားဖခင်သုံးပြီး ထိုင်းနိုင်ငံသားအဖြစ် မွေးစာရင်းသွင်းပေးတဲ့ဂိုဏ်း ဖမ်းမိ
Jul 10, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published4 days ago
Duration4:26
Video ID_9RUzXiho34
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views8.3K
Likes588
Comments30
Engagement Rate7.40%
Likes per 100 views7.04
Comments per 1K views3.59
Description
တရုတ် ကလေးငယ်တွေကို အငှားဖခင်သုံးပြီး ထိုင်းနိုင်ငံသားအဖြစ် မွေးစာရင်းသွင်းပေးတဲ့ဂိုဏ်း ဖမ်းမိ
တရုတ်ကလေးငယ်တွေကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ရစေဖို့ ထိုင်းအမျိုးသား ဖခင်အတုတွေသုံးပြီး မွေးစာရင်းအတု လုပ်နေပေးတဲ့ လိမ်လည်ဂိုဏ်းဝင် တချို့ကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၉ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံရဲ့ The Nation သတင်းမှာ ဖော်ပြပါတယ်။
ဒီဂိုဏ်းမှာ ပါဝင်ပတ်သက်နေတဲ့ ဘန်ကောက်မြို့ရဲ့ အနောက်ဘက်ခြမ်း သွန်ဘူရီခရိုင်မှာရှိတဲ့ ဆေးရုံတစ်ရုံက ဆေးဘက်ဆိုင်ရာဝန်ထမ်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့အဆိုအရ တရုတ်မွေးကင်းစကလေးငယ်” (Chinese infant) ဂိုဏ်းလို့ လူသိများတဲ့ ကွန်ရက်တစ်ခုကို ပစ်မှတ်ထား ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီဂိုဏ်းဟာ တရုတ်ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ထိုင်းနိုင်ငံထဲမှာ လာရောက်မီးဖွားဖို့ စီစဉ်ပေးပြီး ထိုင်းအမျိုးသားတွေရဲ့ နာမည်တွေကို သုံးပြီးတော့ ဖခင်အရင်းဖြစ်တဲ့အကြောင်း လိမ်လည်ထွက်ဆိုစေကာ တရုတ်ကလေးငယ်တွေကို ထိုင်းနိုင်ငံသားအဖြစ် မှတ်ပုံတင်နိုင်ဖို့ လုပ်ပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူတွေထဲမှာ သွန်ဘူရီခရိုင်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုက ဆေးဘက်ဆိုင်ရာ မှတ်တမ်းအရာရှိ အမျိုးသမီးလည်း ပါဝင်ပါတယ်။
ဒီအမျိုးသမီးဟာ သူ တာဝန်ထမ်းဆောင်နေတဲ့ဆေးရုံမှာ လာရောက်မီးဖွားတဲ့ တရုတ်နိုင်ငံသားတွေကို ပွဲစားအဖြစ် လုပ်ပေးခဲ့ပြီး မွေးဖွားလာတဲ့ ကလေးတွေကို မွေးစာရင်းသွင်းနိုင်ဖို့ မွေးဖွားခြင်းဆိုင်ရာ အထောက်အထားစာရွက်စာတမ်းတွေနဲ့ မိဘမှတ်တမ်းတွေကို ပြင်ဆင်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့အဆိုအရ ဒီဆေးရုံမှာ ကလေးမွေးဖွားရင် ကုန်ကျစရိတ် အပြီးအစီး ထိုင်းဘတ်ငွေ ၇၀,၀၀၀ ကျသင့်ပြီး အဆိုပါ ဆေးရုံဝန်ထမ်း အမျိုးသမီးကတော့ မွေးစာရင်း စာရွက်စာတမ်းကိစ္စတွေနဲ့ ညှိနှိုင်းခအဖြစ် ဘတ်ငွေ ၂၀,၀၀၀ သီးသန့် ထပ်မံရရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒီအမျိုးသမီးဟာ အခုလိုမျိုး လိမ်လည်မှုမှာ ပါဝင်ပတ်သက်နေတာ ၅ နှစ်ကျော် ရှိပြီလို့လည်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ဆေးရုံမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးရာမှာ တရုတ်နိုင်ငံသားတွေ ထိုင်းဖခင်အတုတွေကို သုံးပြီး မွေးစာရင်းသွင်းခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၁၆၄ ခု ရှိတယ်လို့ ဆိုပါတယ်။
ဆေးရုံမှတ်တမ်းအများစုမှာ ကလေးမမွေးဖွားခင် ကာလတလျောက်လုံး ထိုင်းဖခင်နဲ့ ပတ်သက်တဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဒါမှမဟုတ် ဗိုက်အပ်ထားတဲ့ ရာဇဝင်မရှိခဲ့ဘူးလို့လည်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးတဲ့နောက် ဆေးရုံက မွေးဖွားမှုဆိုင်ရာ သက်သေခံလက်မှတ် ထုတ်ပေးမယ့်အဆင့် ရောက်လာချိန်မှာတော့ ကလေးတွေရဲ့ ဖခင်အတုတွေ ရုတ်တရက်ပေါ်ပေါက်လာတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီလို တရားမဝင် နည်းလမ်းကနေ ထိုင်းနိုင်ငံသား ဖြစ်ခွင့်ရသွားမယ်ဆိုရင် အဲဒီကလေးတွေဟာ လူမှုဖူလုံရေး၊ ပညာရေး၊ အိမ်၊ ခြံ၊ မြေ စတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်တွေ အပါအဝင် ထိုင်းနိုင်ငံသားတွေရဲ့ တာဝန်ဝတ္တရားတွေနဲ့ အကျိုးခံစားခွင့်အရပ်ရပ်ကို အပြည့်အဝ ရရှိသွားစေမှာဖြစ်ပြီး ဒါဟာ နိုင်ငံတော် လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာစေတယ်လို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကို အသုံးချပြီး ဘတ်ငွေ ၇၀ ဘီလီယံကျော် ငွေကြေးခဝါချမှုတွေ လုပ်ဆောင်နေတယ်လို့ သံသယရှိတဲ့ တရုတ်ကျားဖြန့်ကွန်ယက်တွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်ရာကနေ အခုလို ထိုင်းဖခင်အငှားနဲ့ မွေးစာရင်းအတု လုပ်နေပေးတဲ့ လိမ်လည်ဂိုဏ်းဝင်တချို့ကို ဖမ်းဆီးနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီအမှုမှာ ပါဝင်ပတ်သက်နေသူတွေဟာ မိမိတို့ရဲ့ တာဝန်ဝတ္တရားတွေကို မတရားသဖြင့် ဒါမှမဟုတ် မရိုးမသား ဆောင်ရွက်ခဲ့မှု ဒါမှမဟုတ် တာဝန်ပျက်ကွက်ခဲ့မှုလို့ ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။ လတ်တလောမှာတော့ အခု ဖမ်းဆီးခံထားရသူတွေကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ် ခင်ဗျား။