စပိန်က ပဟေဠိဖြစ်နေဆဲ ထူးဆန်းတဲ့ ရထားတိုက်မှုမှာ သေဆုံးသူ ၄၀ အထိ ရှိလာ
Jan 20, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published5 months ago
Duration2:40
Video IDa7MPtesVOyc
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views3.5K
Likes234
Comments2
Engagement Rate6.82%
Likes per 100 views6.76
Comments per 1K views0.58
Description
စပိန်က ပဟေဠိဖြစ်နေဆဲ ထူးဆန်းတဲ့ ရထားတိုက်မှုမှာ သေဆုံးသူ ၄၀ အထိ ရှိလာ
-------------------
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက စပိန်နိုင်ငံတောင်ပိုင်းရဲ့ ခြောက်သွေ့တဲ့ ကန္တာရ ဒေသတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အမြန်ရထား ၂စင်း တိုက်မိခဲ့တဲ့ ဖြစ်စဉ်ဟာ အားလုံးအတွက် အခုချိန်ထိတော့ ပဟေဠိတစ်ခုလို ဖြစ်နေပါတယ်။
တနင်္ဂနွေနေ့ညနေပိုင်းက မာလာဂါမြို့ကနေ မက်ဒရစ်မြို့ကို ခုတ်မောင်းလာတဲ့ အမြန်ရထားပေါ်မှာတော့ ရုပ်သံသတင်းထောက်တစ်ဦးဖြစ်တဲ့ ဆာဗေဒေါ ဂျီမင်းနက်စ်ဆိုသူလည်း စီးနင်းလိုက်ပါလာပါတယ်။
ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မှာ သူတို့စီးလာတဲ့ရထားရဲ့ နောက်ဆုံးတွဲနှစ်တွဲဟာ အဒါမုဇ်မြို့အနီးမှာ လမ်းချော်သွားပြီး မျက်နှာချင်းဆိုင်ကနေ တောင်ဘက်ကို မောင်းလာတဲ့ ရထားလမ်းကြောင်းပေါ် ရောက်သွားခဲ့ရာမှာ တစ်ဖက်လမ်းက ရထားရဲ့ တွဲနှစ်တွဲဟာ ၁၂ ပေလောက်မြင့်တဲ့ တာပေါင်ပေါ်ကနေ လိမ့်ဆင်းသွားခဲ့ပါတယ်။
သူစီးလာတဲ့ ရထားတွဲက တအားကို တုန်ခါသွားတာကြောင့် လမ်းပေါ်က သတ္တဝါတစ်ကောင်ကောင်ကို တိုက်မိလိုက်သလိုမျိုး ခံစားရလိုက်တယ်လို့ ဂျီမင်းနက်စ်က ပြောပါတယ်။
အဲဒီနောက်မှာတော့ ရထားတွဲတွေမှာ မီးတွေလည်း ပျက်သွားပြီး အသံချဲ့စက်ကနေ ရထားတိုက်မိတဲ့အကြောင်း ပြောလာပါတယ်။ ခဏနေတော့ ခရီးသည်တွေဟာ အရေးပေါ်တူတွေနဲ့ မှန်တွေကို ထုခွဲပြီး အပြင်ကို ထွက်ပြေးခဲ့ကြရတယ်လို့လည်း အသက် ၃၇ နှစ်အရွယ် ဂျီမင်းနက်စ်က သူ့အတွေ့အကြုံကို ပြန်ပြောခဲ့ပါတယ်။
ရထားလမ်းတွေ၊ လမ်းကူးလမ်းဆုံတွေကို မေလကမှ ပြုပြင်ထားခဲ့သလို အခု လမ်းချော်သွားတဲ့ ရထားအသစ်ကိုလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ စစ်ဆေးထားခဲ့တာ ဖြစ်တဲ့အတွက် အခုလို ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို အဖြေထုတ်သွားမယ် လို့ စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြောပါတယ်။