သမ္မတ ရှီကျင့်ဖိန်က သစ်ပင်စိုက်ပျိုးရေး ကြိုးပမ်းမှုတွင် ပါဝင်ကြရန် တိုက်တွန်း #China #Xi

Apr 1, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published2 months ago
Duration0:31
Video IDbpUVGVf_lRA
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeYouTube Short

Performance Metrics

Views506
Likes6
Comments0
Engagement Rate1.19%
Likes per 100 views1.19
Comments per 1K views0.00

Description

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လူ့အဖွဲ့အစည်းတစ်ရပ်လုံး သစ်ပင်စိုက်ပျိုးရေး ကြိုးပမ်းမှုတွင် ပါဝင်ကြရန် တိုက်တွန်း ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) သစ်ပင်သစ်တော ပျိုးထောင်ခြင်း၌ လူ့အဖွဲ့အစည်းတစ်ရပ်လုံး တက်တက်ကြွကြွ ပါဝင်လာကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ် ၃၀ ရက်၌ တိုက်တွန်းနှိုးဆော်ခဲ့ပြီး ကောင်းမွန်သော ဂေဟဗေဒ ပတ်ဝန်းကျင်ကို လူသားအားလုံး မျှဝေပိုင်ဆိုင်ကာ အားလုံး အတူတကွကြိုးပမ်းကြရန်လည်း လိုအပ်သည်ဟု အလေးထားပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပေကျင်းမြို့တွင် သစ်ပင်စိုက်ပျိုးသည့် လုပ်အားပေးအစီအစဉ်၌ ကိုယ်တိုင်ပါဝင်လုပ်ဆောင်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှီနှင့်အတူ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး စသည့် အခြားသော ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များသည် မတ် ၃၀ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ချန်းဖိန်ခရိုင်ရှိ သစ်ပင်စိုက်ပျိုးသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။ ရှီက ဒေသခံလူထုအား လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပြီးနောက် ဂေါ်ပြားတစ်လက်ကိုင်၍ အဆိုပါ လုပ်အားပေးအစီအစဉ်၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လျက် သစ်ပင်ငယ်မျိုးစုံကို စိုက်ပျိုးခဲ့သည်။ ထိုသို့ သစ်ပင်စိုက်ပျိုးစဉ် ရှီက ယင်း၌ရောက်ရှိနေသော ကလေးငယ်များ၏ ပညာသင်ကြားမှုနှင့် နေ့စဉ် လူမှုဘဝအခြေအနေ၊ လုပ်အားပေးနှင့် အားကစားလှုပ်ရှားမှုတွင် ပါဝင်မှု၊ သစ်ပင်စိုက်ပျိုးရေး အစီအစဉ်များတွင် ပါဝင်မှုတို့နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။ ဆက်လက်၍ ရှီက ငယ်ရွယ်စဉ်ကတည်းကပင် ရည်မှန်းချက်ကြီးကြီးထားရန်၊ ပညာသင်ကြားမှု၊ အလုပ်နှင့် သဘာဝတရားအပေါ် ချစ်မြတ်နိုးစိတ် မွေးမြူရန်၊ လူ့အဖွဲ့အစည်း၏ ထောက်တိုင်များဖြစ်လာရေးအတွက် ကြိုးပမ်းအားထုတ်ရန် အရေးကြီးကြောင်း အလေးထားမှာကြားခဲ့သည်။ ထို့နောက် ရှီက ယင်း၌ရှိသော တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်လည်း စကားပြောဆိုခဲ့သည်။ ရှီက တရုတ်နိုင်ငံအနေဖြင့် သစ်တောဧရိယာအရရော သစ်တောထုထည်အရပါ စဉ်ဆက်မပြတ် တိုးပွားလာသည့်အပြင် သဲကန္တာရဖြစ်ထွန်းသည့် ဧရိယာများနှင့် သဲထူသည့် မြေဧရိယာများသည်လည်း ဆက်လက်လျော့ကျလာသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့အတွက်ကြောင့် တရုတ်နိုင်ငံသည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ရာတွင် ကမ္ဘာပေါ်၌ တို တက်မှုအကြီးမားဆုံးနှင့် အလျင်မြန်ဆုံး ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေကျမ်းအား မတ်လအတွင်း အတည်ပြုနိုင်ခဲ့သည့်အပေါ် ရှီက ချီးကျူးပြောဆိုခဲ့ကာ ယင်းတို့သည် သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်ရာတွင် ဥပဒေဆိုင်ရာ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာအားကောင်းစေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်ရာတွင် သစ်ပင်သစ်တော ပျိုးထောင်ခြင်းမှာ အရေးကြီး လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်သည်ဟု ရှီက ပြောကြားခဲ့ကာ ယင်းအစီအမံအား ရှေ့ဆက်ဖော်ဆောင်ရေးအတွက် စဉ်ဆက်မပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။ ယခုနှစ်သည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ဆောင်သည့် ပထမဆုံးနှစ် ဖြစ်သကဲ့သို့ နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးရေး လုပ်အားပေးအစီအစဉ် ၄၅ နှစ်မြောက် အထိမ်းအမှတ်လည်းဖြစ်ကြောင်း ရှီက ဆိုသည်။ လက်ရှိအခြေအနေများအရ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အစီအစဉ်များ ရှေ့ဆက်ဖော်ဆောင်ရန် ကြိုးပမ်းရာ၌ အရည်အသွေး မြှင့်တင်ခြင်း၊ ဆက်စပ်လုပ်ငန်းကဏ္ဍများ ဖော်ထုတ်ခြင်း၊ ပြည်သူများအတွက် အကျိုးပြုနိုင်ခြင်းတို့အပေါ် ပိုမိုအလေးထားသင့်ကြောင်း ရှီက ဆက်လက်ပြောသည်။ ထို့ပြင် ရှီက ဂေဟထွက်ကုန်များ တန်ဖိုးမြှင့်တင်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ခြင်း၊ မြို့ပြနှင့် ကျေးလက်ဒေသ စိမ်းလန်းစိုပြည်ရေးကို ဟန်ချက်ညီညီ ချိတ်ဆက်လုပ်ဆောင်ခြင်းတို့မှာလည်း အရေးကြီးကြောင်း ရှီက အလေးထားပြောဆိုခဲ့သည်။ (Xinhua) #China #Xi #Tree_Planting #တရုတ်နိုင်ငံ #သမ္မတရှီ #သစ်ပင်စိုက်ပျိုးခြင်း

Related Videos

More videos from Xinhua Myanmar