Khit Thit Morning News | March 5, 2026
Mar 5, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 months ago
Duration24:49
Video IDeeNFa1l1MJ4
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views351.3K
Likes11.4K
Comments283
Engagement Rate3.32%
Likes per 100 views3.24
Comments per 1K views0.81
Video Tags
Description
Khit Thit သတင်းဌာန၏ မတ် ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်မင်းအောင်လှိုင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရဲဝင်းဦးကို စစ်တပ်ရဲ့ နံပါတ် ၂ ရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့်လိုက်ပြီး စစ်တပ်အတွင်း ဗိုလ်ချုပ်တွေကိုလည်း ရာထူးအပြောင်းအလဲတွေ လုပ်ဆောင်နေတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။
- မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လပ်စရာမရှိဘဲ စက်သုံးဆီစျေးနှုန်းတွေကတော့ ကမ္ဘာ့စျေးနှုန်းနဲ့အညီ အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ အကြမ်းဖက်ဇော်မင်းထွန်းက မနေ့က အကြမ်းဖက်စစ်တပ် လက်အောက်ခံ မီဒီယာတွေကနေတစ်ဆင့် ပြောဆိုလာတာဖြစ်ပါတယ်။
- ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ နယ်စပ်မြို့တွေထိ စက်သုံးဆီအကျပ်အတည်း ပြန်ဖြစ်လာနေပြီး ဆီဆိုင်တချို့ ပိတ်ထားရတာ၊ တချို့က အကန့်အသတ်နဲ့ပဲ ရောင်းနေတာတွေကြောင့် ပြည်သူတွေက တန်းစီပြီး ကြိတ်ကြိတ်တိုးဝယ်ယူနေရတယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။
- အီရန်စစ်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ အမေရိကန်တပ်ဖွဲ့ဝင်တွေ အရှေ့အလယ်ပိုင်းကို ထပ်မံရောက်ရှိလာနေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။