Khit Thit Afternoon News | April 6, 2026
Apr 6, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published2 months ago
Duration21:19
Video IDfohwH0Oa738
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views266.4K
Likes9.4K
Comments345
Engagement Rate3.65%
Likes per 100 views3.52
Comments per 1K views1.29
Video Tags
Description
Khit Thit သတင်းဌာန၏ ဧပြီ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံကို အရေးပေါ်ကာလ သတ်မှတ်ထားချိန် စိတ်သဘောထားမမှန်ကန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က မီးလောင်ရာလေပင့် တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုပါတယ်။
- မကွေးတိုင်း၊ ငဖဲမြို့ပေါ်ထိ CDF - Asho က ရဲဘော်တွေ ဝင်ရောက်ခဲ့ပြီး မြို့လုံခြုံရေးနှင့် စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ CDF - Asho ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
-မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရမ်းသမ်း တိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် လာမယ့် အတာသင်္ကြန်ကာလမှာလူစုလူဝေး ပွဲလမ်းသဘင်တွေ မလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ဒေသ အုပ်ချုပ်ရေး အဖွဲ့တွေက သတိပေးထားပါတယ်။
- အီရန်နဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှုရှိနေတယ်လို့ ထရမ့်အစိုးရက အခိုင်အမာ ပြောဆိုနေပေမဲ့၊ တကယ်လို့ သဘောတူညီချက် မရရှိဘူးဆိုရင်တော့ စစ်ပွဲကို အရှိန်မြှင့်သွားမယ်လို့ ခြိမ်းခြောက်ထားပြီး အခုအခါမှာတော့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ထပ်မံစေလွှတ်နေပြီ ဖြစ်ပါတယ်။