မြစ်ဆုံဆည်ပြန်စဖို့ ကြိုးပမ်းနေချိန် တရုတ်မှာဆည်တွေကျိုး (ရုပ်/သံ)
Jul 7, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 days ago
Duration3:40
Video IDhobewsGSHL4
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views19.2K
Likes0
Comments139
Engagement Rate0.72%
Likes per 100 views0.00
Comments per 1K views7.23
Description
မြန်မာနိုင်ငံမှာ ရပ်တန့်ထားတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို အာဏာသိမ်းစစ်အစိုးရက တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီး ပြန်လည်စတင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တွေကျိုးပေါက်ကာ လူသောင်းနဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ဖြစ်စဉ်က မြန်မာပြည်သူတွေအတွက် ထိတ်လန့်စရာ သတိပေးချက်တခု ဖြစ်လာနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကစတင်ခဲ့တဲ့ မေဆတ်တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသ နန်နင်းမြို့နဲ့ကွေ့ကန်ဒေသတွေမှာ မိုးကြီးခဲ့ပြီး အဲဒီမှာရှိတဲ့ လျူလန်းနဲ့ ယွန်ဗျောင် ဆည်နှစ်ခုလုံး ကျိုးပေါက်ပျက်စီးခဲ့သလို အခြားဆည်အချို့မှာလည်း ရေလျှံမှုတွေကြောင့် ဇူလိုင်လ ၆ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာပါ။
အထူးသဖြင့် တရုတ်နိုင်ငံမှာ အခုကျိုးပေါက်ခဲ့တဲ့ ဆည်တွေဟာ အလတ်စားနဲ့ အသေးစားအဆင့်သာရှိပေမယ့် မြန်မာပြည်မှာ တည်ဆောက်ဖို့ပြင်ဆင်နေတဲ့ မြစ်ဆုံဆည်ဟာ ရေသိုလှောင်မှုပမာဏနဲ့ အရွယ်အစားအရ အဆပေါင်းများစွာ ပိုမိုကြီးမားလွန်းနေတာပါ။
ဒါကြောင့် နည်းပညာပိုင်းနဲ့ သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုအပေါ် ယုံကြည်မှုအားနည်းနေချိန်မှာ အာဏာသိမ်းအစိုးရက ဒီလိုဧရာမစီမံကိန်းကြီးကို ဇွတ်အတင်းပြန်စဖို့ ကြိုးစားနေတာဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရင်းပြီး စိုးရိမ်စရာ အန္တရာယ်တွင်းထဲ တွန်းပို့နေသလို ဖြစ်နေတယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #မြစ်ဆုံဆည်စီမံကိန်း #Environments #ClimateDesk #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation