တရုတ်က ခြံစည်းရိုးတိုးခတ်နေပေမယ့် အာဏာသိမ်းအုပ်စု နှုတ်ပိတ်နေ (ရုပ်/သံ)
Jul 2, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published2 weeks ago
Duration5:34
Video IDk3p02yzVuvk
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views9.6K
Likes0
Comments180
Engagement Rate1.87%
Likes per 100 views0.00
Comments per 1K views18.67
Description
ဧရာဝတီကရရှိထားတဲ့အချက်အလက်တွေ၊ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်နိုင်ငံနယ်စပ် စည်းမျဉ်းကိုကျော်ပြီး တရုတ်နိုင်ငံဘက်က ခြံစည်းရိုးတိုးခတ်တာတွေ ရှိနေပေမယ့် နယ်စပ်မှာအထိုင်ချတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ နှုတ်ဆိတ်နေကြသလို အာဏာသိမ်းအစိုးရနဲ့ စစ်တပ်ဘက်ကလည်း ဒီကနေ့အထိ တစုံတရာတုံ့ပြန်ပြောဆိုတာမတွေ့ရပါဘူး။
အထူးသဖြင့်တော့ အာဏာသိမ်းစစ်တပ်က ဦးထိပ်ပန်အလေးထားဆောင်ရွက်မယ်လို့ တောက်လျှောက်ကြွေးကြော်နေတဲ့ ဒို့တာဝန်အရေးသုံးပါးထဲမှာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာက အချက်တချက်အနေနဲ့ ပါဝင်ပေမယ့် တရုတ်ကခြံစည်းရိုး တိုးခတ်နေမှုပေါ်မှာတော့ရေငုံနှုတ်ပိတ် အသံဆိတ်နေတာကို တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အတုအယောင်ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်ဟာလည်း တရုတ်ရဲ့ လုပ်ရပ်တွေကို နှုတ်ဆိတ်နေသလို သူတို့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ သတင်းမီဒီယာတွေကိုလည်း တရုတ်ခြံစည်းရိုးကိစ္စအပါအဝင် တရုတ်နဲ့ပတ်သက်တာတွေကို ထိန်းထိန်း သိမ်းသိမ်း ရေးသားကြဖို့ ခေါ်ယူသတိပေးတာ၊ ပိတ်ပင်တာတွေရှိတယ်လို့ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာသမားအချို့က ဧရာဝတီကိုပြောပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #နယ်စပ်ခြံစည်းရိုး #အချုပ်အခြာ #လွှတ်တော် #မီဒီယာ #နယ်နိမိတ် #တိုင်းရင်းသားလက်နက်ကိုင် #WhatsHappeningInMyanmar