Khit Thit Evening News | May 14 , 2026

May 14, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published3 weeks ago
Duration21:29
Video IDkK0GSGhmFcU
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views457.5K
Likes15.5K
Comments357
Engagement Rate3.46%
Likes per 100 views3.38
Comments per 1K views0.78

Description

Khit Thit သတင်းဌာန၏ မေ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - နေပြည်တော်က အကြမ်းဖက် စစ်တပ်ရဲ့ စစ်ရုံးနဲ့ ဝန်ကြီးဌာနအချို့မှာ သတင်းပေါက်ကြားမှုတွေကို အရေးယူဖို့ဆိုပြီး စစ်တပ်က သူ့လက်အောက်ခံ Non-CDM ဝန်ထမ်းတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကို MAC Address မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်နေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ် ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာပါတယ်။ - အကြမ်းဖက် စစ်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ ခေမာရဋ် ရွှေဆိုင်ပိုင်ရှင် စိုင်းယီတစ် ကို ပစ်သတ်ပြီး ရွှေ ၃ ပိဿာ ယူဆောင်သွားတဲ့ ဓားပြတွေကို ဖမ်းမမိသေးပဲ လုယူသွားတဲ့ ကား ၂ စီးကိုသာ နောင်ချိုကျေးရွာအနီး ပြန်လည် သိမ်းဆည်းရရှိထားတယ်လို့် နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း ရဲ့ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ချင်းပြည်နယ် ၊ ဟားခါးမြို့ပေါ်က ပြည်သူပိုင် နေအိမ်တွေကို ဓားပြတိုက်နေတဲ့ စစ်မှုထမ်းတပ်သား သစ် ၁ ဦးကို လက်ပစ်ဗုံးနဲ့အတူ ချင်းတော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိထားပြီး ၊ တစ်ဖက်က ကြို့ပင်ကောက်မြို့နယ်မှာတော့ စစ်မှုထမ်းတပ်သား ၂ ဦးဟာ တော်လှန်ရေးတပ်တွေဆီကို အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။ - အမေရိကန် သမ္မတ ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင့်တို့ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်နဲ့ တရုတ်ဟာ ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဘက်တွေသာ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Related Videos

More videos from Khit Thit Media