တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ တသံတည်း ထွက်ဖို့ လိုတယ် (ရုပ်/သံ)

Mar 30, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published2 months ago
Duration18:10
Video IDkhEf63lQSsM
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views99.6K
Likes0
Comments175
Engagement Rate0.18%
Likes per 100 views0.00
Comments per 1K views1.76

Description

စစ်တပ်ရွေးကောက်ပွဲကတဆင့် တက်လာတဲ့ ကြံ့ဖွံ့လွှတ်တော်၊ အစိုးရသစ်တွေဟာ တိုင်းရင်းသားပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်တွေက ရွေးကောက်တင်မြှောက်ပိုင်ခွင့် ပေးဖို့ ကြံစည်နေပုံ ရပါတယ်။ ဒါကိုလည်း အပစ်အခတ်ရပ်စဲရေးနဲ့ ချိတ်ဆက်ထားပြီး ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်လို့ နိုင်ငံရေးအမြတ်ထုတ်ချင်ပုံပါပဲ။ ဒါပေမယ့် ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အထူးသဖြင့် စစ်အုပ်စုရဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးဘဲ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ကူညီနေတဲ့ တိုင်းရင်းသားအဖွဲ့တွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ဆို အလှမ်းဝေးလွန်းနေပါသေးတယ်။ တဖက်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆို အာဆီယံအသင်းနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ကပါ လက်ခံတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေရော နွေဦးတော်လှန်ရေးအဖွဲ့တွေပါ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှ စကားဝိုင်း ထိုင်နိုင်မယ်လို့ တသံတည်း ထွက်ဖို့ လိုမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)က ဧရာဝတီရဲ့ ဒီတပတ်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။ အနာဂတ်ပြည်ထောင်စုအပေါ် စစ်တပ်၊ NLD နဲ့ တိုင်းရင်းသားတွေကြား အမြင်တွေ ကွဲပြားနေတာ၊ တိုင်းရင်းသားတွေ ကြားမှာလည်း အမြင်ကွဲပြားနေတာ၊ လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ ဒေသခံ စစ်ဘုရင်ဝါဒ ထွန်းကားလာတဲ့ အကြောင်းတွေလည်း ဆွေးနွေးသုံးသပ်ထားကြပါတယ်။ #မြန်မာ #ဧရာဝတီ #ငြိမ်းချမ်းရေး #လွှတ်တော် #ဖက်ဒရယ် #What’sHappensInMyanmar စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

Related Videos

More videos from The Irrawaddy News