မြေရှားသတ္တုဆိုက် နောက်ကွယ်က “အရော” နဲ့ “အသန့်" အမျိုးသမီးတွေရဲ့ဘဝ (ရုပ်/သံ)
Jul 5, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published5 days ago
Duration10:21
Video IDny5WHQCNUOU
Languageen-US
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views23.5K
Likes0
Comments216
Engagement Rate0.92%
Likes per 100 views0.00
Comments per 1K views9.19
Video Tags
Description
"မင်းတို့ မြန်မာမိန်းကလေးတွေဆိုတာတဲ့ အင်္ကျီလဲသလောက်ပဲတဲ့၊ တီရှပ်တခု လဲသလောက်ပဲတဲ့။ အခု
ချွေးစောနံပြီဆိုရင် အခု လဲလိုက်ရင် ပြီးပြီတဲ့။ သူတို့ အဲ့လောက်အထိ အတင်းရဲတာလေနော်၊ အဲ့လောက်ထိ
ပြောရဲတာကိုက မြန်မာနိုင်ငံက ဘယ်အာဏာပိုင်တွေပဲဖြစ်ဖြစ် အဲဒါကို မတားဆီးနိုင်ဘူးလို့ အကို
မြင်မိတယ်။" လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ မြေရှားဆိုက် လုပ်သားတဦးက ပြန်ပြောပြပါတယ်။
ကချင်ပြည်နယ်၊ ပန်ဝါမြို့ရဲ့ အေးစိမ့်တဲ့ တောင်တန်းတွေကြားက မြေရှားသတ္တုဆိုက်တွေဟာ လူအများ အတွက်တော့ ငွေတွင်းကြီးတွေ ဖြစ်နိုင်ပေမယ့်၊ မြန်မာအမျိုးသမီးငယ်တွေ အတွက်တော့ ရှင်သန်မှုအတွက် အလဲအထပ်လုပ်ခဲ့ရတဲ့ ဘဝတိုက်ပွဲမြေပြင်တခု ဖြစ်နေပါတယ်။
တရုတ်လုပ်ငန်းရှင်တွေ ကြီးစိုးတဲ့ ဒီနယ်စပ်ဒေသက သတ္တုဆိုက်တွေမှာ အလုပ်လုပ်ဖို့ဆိုရင် မြန်မာအမျိုးသမီးတွေ အတွက် ရွေးချယ်စရာ လမ်းနှစ်သွယ်ပဲ ရှိပါတယ်။ အဲဒါကတော့ လုပ်ငန်းခွင် အလုပ်အပြင် အလုပ်ရှင်ရဲ့ လိင်ပိုင်းဆိုင်ရာ အလိုဆန္ဒကိုပါ ဖြည့်ဆည်းပေးရတဲ့ "အရော" နဲ့၊ ပင်ပန်းဆင်းရဲတဲ့ လုပ်အားကိုပဲ သီးသန့်ပေးဆပ်ရတဲ့ "အသန့်" ဆိုတဲ့ ခါးသီးလွန်းတဲ့ ခေါင်းစဉ်နှစ်ခုပါပဲ။
သတ္တုဆိုက်အတွင်းက အလုပ်သမားတွေကြားမှာ "အရော" နဲ့ "အသန့်" ဆိုတဲ့ စကားလုံးတွေဟာ ပုံမှန်လိုလို ပြောဆိုနေကြတဲ့ အသုံးအနှုန်းတွေ ဖြစ်နေပေမယ့်၊ ဒီစကားလုံးတွေရဲ့ နောက်ကွယ်မှာတော့ အမျိုးသမီးငယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ဘဝပေါင်းများစွာ ပေးဆပ်နေကြရပါတယ်။
ထမင်းချက်၊ ရေကြည့်၊ ပိုက်ထမ်း စတဲ့ ပင်ပန်းတဲ့ အလုပ်ကြမ်းတွေကိုပဲ လုပ်ကိုင်ခွင့်ရဖို့ "အသန့်" လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားနိုင်သူ ရှိသလို၊ အလုပ်ရရှိရေးနဲ့ ပိုမိုကောင်းမွန်တဲ့ စားဝတ်နေရေးအတွက် "အရော" ဆိုတဲ့ အမည်အောက်မှာ အဓမ္မကျင့်ဝတ်တွေကို ခေါင်းငုံ့ခံနေရသူတွေလည်း ဒုနဲ့ဒေးပါ။
ကမ္ဘာ့စျေးကွက်မှာ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိပြီး နည်းပညာလောကအတွက် အလွန်အရေးပါတဲ့
မြေရှားသတ္တုတွေရဖို့ တောင်တွေကို ဖြိုချနေကြပေမဲ့၊ အဲဒီတောင်တန်းတွေကြားက အမျိုးသမီးတွေရဲ့
ငိုရှိုက်သံတွေကတော့ ဒီနေ့အထိ တိတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မြေရှားသတ္တု #တရုတ် #ပန်ဝါ #ကချင် #အရော #အသန့် #Environments #Women's #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation