ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့သူ လွတ်ငြိမ်းချမ်းသာခွင့်မရှိ ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

Feb 5, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published4 months ago
Duration2:42
Video IDp6acdXGLo6A
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short

Performance Metrics

Views1.8K
Likes121
Comments0
Engagement Rate6.89%
Likes per 100 views6.89
Comments per 1K views0.00

Description

ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့သူ လွတ်ငြိမ်းချမ်းသာခွင့်မရှိ ထောင်ဒဏ်တစ်သက်ချမှတ်ခံရ ----------------------------- ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ရိုင်ယန် ရုသ်ဆိုသူကို ဖလော်ရီဒါပြည်နယ် တရားရုံးက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်သာခွင့်မရှိတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီတုန်းက ဖလော်ရီဒါ ဂေါ့ဖ်ကွင်းမှာ ဒေါ်နယ်ထရန့် ဂေါ့ဖ်ရိုက်နေတုန်း လုပ်ကြံဖို့ ချုံပုတ်ထဲမှာ မောင်းပြန် ရိုင်ဖယ်သေနတ်နဲ့ ချောင်းမြောင်းစောင့်ဆိုင်းနေချိန်မှာ လုံခြုံရေးတွေ သူ့ကိုတွေ့ရှိခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က သူ့ကို ဖမ်းမိချိန်မှာ ဖုန်းအပိုတွေ၊ မှတ်ပုံတင်အတုတွေ၊ ကျည်ကာအင်္ကျီတွေနဲ့ ဗီဒီယိုကင်မရာတစ်လုံးကိုပါ သူနဲ့အတူ သိမ်းဆည်းရမိခဲ့ပြီး ချုံထဲမှာ ၁၀ နာရီကြာအောင် စောင့်နေခဲ့ပေမယ့် သူက ဒေါ်နယ်ထရန့်ကို သတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ တရားခွင်တုန်းက ရုသ်ဟာ သူ့အမှုကို သူကိုယ်တိုင် ခုခံချေပခဲ့ပေမယ့် မအောင်မြင်ခဲ့သလို သူ့ကိုယ်သူ ဘောပင်နဲ့ ထိုးပြီး သတ်သေဖို့ ကြိုးစားခဲ့ပါသေးတယ်။ မနေ့က တရားခွင်မှာတော့ တရားသူကြီး အိုင်ရင်း ကန်နွန်က သူ့ကို အယူခံဝင်ခွင့်မရှိတဲ့ ထောင်ဒဏ်တစ်သက်အပြင် လက်နက်မှုအတွက် ထောင်ဒဏ် ၇ နှစ်ပါ တစ်ပြိုင်တည်း ချမှတ်လိုက်ပါတယ်။

Related Videos

More videos from Myanmar Now News