Khit Thit Morning News | March 1, 2026
Mar 1, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published4 months ago
Duration23:54
Video IDqKMkQD1MQbw
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views438.7K
Likes14.5K
Comments560
Engagement Rate3.44%
Likes per 100 views3.31
Comments per 1K views1.28
Video Tags
Description
Khit Thit သတင်းဌာန၏ မတ်၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စိုးဝင်းက မင်းအောင်လှိုင်ရဲ့ လေဿံအတိုင်းပဲ NLD အစိုးရဟာ နိုင်ငံအာဏာကို အဓမ္မ ရယူဖို့ ဆောင်ရွက်မှုကြောင့် စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စီးပွားရေးပိတ်ဆို့မှု အပါ အဝင် စိန်ခေါ်မှုတွေကို သူတို့အနေနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဆိုပြီး ပြောဆိုလာပြန်ပါတယ်။
- မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်အကြာမှာတော့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ အရင်အရပ်သားအစိုးရလက်ထက်က ပုံမှန်အခြေဖြစ်ခဲ့ရာကနေ အခုတော့ "စစ်ပွဲစီးပွားရေး အသွင် ကူးပြောင်းသွားပြီဖြစ်တဲ့ ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာ စစ်တပ်ရဲ့ အကျိုးစီးပွားကို အထောက် အပံ့ဖြစ်စေမယ့် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေး (EBA) ကို ရုပ်သိမ်းဖို့အပြင် နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိရှိ ထွက်ခွာသွားကြဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ IndustriALL Global Union က တိုက်တွန်းလိုက်ပါတယ်။
- မန္တလေးတိုင်းက ပုဂံညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ ခမရ-၄၁၅ တပ်ရင်းကနေ ထွက်လာတဲ့ စစ်သားတွေ လိုက်ပါလာရာ ပတ်ကင်းကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း ကားပါ လမ်းဘေးထိုကျသွားပြီး ပါလာတဲ့ စစ်သား ၄ ဦး တခါတည်း သေသွားတဲ့အပြင် သူတို့ဆီက သေနတ် ၄ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ Pakokku Special Task Force ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-အီရန်နိုင်ငံကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အမေရိကန်နိုင်ငံက ပူးပေါင်းပါဝင်ပြီး အီရန်ခေါင်းဆောင် ခါမေနီရဲ့ ရုံးခန်းအနီးမှာပါ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေသလို သမ္မတထရန့်ကလည်း အီရန် စစ်သားတွေ၊ ရဲတွေ လက်နက်ချဖို့နဲ့ လက်နက်ချရင် အသက်ချမ်းသာပေးမယ်လို့ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။