အမေရိကန်က ဖမ်းဆီးလိုက်တဲ့ ရေနံတင်သင်္ဘောကို ချက်ခြင်းလွှတ်ပေးဖို့ ရုရှားတောင်းဆို
Jan 8, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published5 months ago
Duration2:02
Video IDqlDvx1y49Tg
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views3.4K
Likes290
Comments6
Engagement Rate8.80%
Likes per 100 views8.62
Comments per 1K views1.78
Description
အမေရိကန်က ဖမ်းဆီးလိုက်တဲ့ ရေနံတင်သင်္ဘောကို ချက်ခြင်းလွှတ်ပေးဖို့ ရုရှားတောင်းဆို
-------------------
အမေရိကန်ရဲ့ ဝိုင်းပတ်ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး ရုရှားရေငုပ်သင်္ဘောတွေရဲ့ လိုက်ပါစောင့်ရှောက်မှုနဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ရှောင်တိမ်းဖို့ ရက်သတ္တပတ်အတော်ကြာ ကြိုးစားခဲ့တဲ့ ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ဇန်နဝါရီလ ၇ ရက်နေ့မှာ ဖမ်းဆီးနိုင်လိုက်ပါတယ်။
အရင်က Bella-1 လို့ လူသိများခဲ့ပြီး အခု'Marinera' (မာရီနီယာ) လို့ အမည်ပြောင်းထားတဲ့ ဒီရေနံတင်သင်္ဘောကို အိုက်စလန်နဲ့ ဗြိတိန်နိုင်ငံကြား နိုင်ငံတကာရေပိုင်နက်အတွင်းမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီသင်္ဘောဟာ ဗင်နီဇွဲလားနဲ့ အီရန်နိုင်ငံတွေကနေ တားမြစ်ပိတ်ဆို့ထားတဲ့ ရေနံတွေကို သယ်ယူပို့ဆောင်ပေးနေတာကြောင့် ဖက်ဒရယ်တရားရုံးရဲ့ ဝရမ်းအရ ဖမ်းဆီးခဲ့တာလို့ အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီသင်္ဘောကို ဖမ်းဆီးမှုအပေါ် ရုရှားက ၁၉၈၂ ခုနှစ် ကုလသမဂ္ဂရဲ့ ပင်လယ်ရေကြောင်းဥပဒေဆိုင်ရာ သဘောတူညီချက်ကို ကိုးကားပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး၊ ဒါဟာ နိုင်ငံတကာ ပင်လယ်ရေကြောင်းဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရုရှားသင်္ဘောသားတွေကို လူသားဆန်စွာ ဆက်ဆံဖို့နဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် ကတော့ ဒီသင်္ဘောဟာ တရားမဝင်လုပ်ငန်းတွေအတွက် ရုရှားသင်္ဘောအယောင်ဆောင်ထားတဲ့ သင်္ဘောအတုသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။