ဗင်နီဇွဲလားသမ္မတကို အမေရိကန်််််ဖမ်းဆီးမှု ကုလအရေးပေါ်အစည်းအဝေးမှာ ရှုတ်ချ
Jan 7, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published5 months ago
Duration2:57
Video IDqxp8R7ljCFA
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views3.2K
Likes190
Comments13
Engagement Rate6.33%
Likes per 100 views5.92
Comments per 1K views4.05
Description
ဗင်နီဇွဲလားသမ္မတကို အမေရိကန်က ဝင်ရောက်ဖမ်းဆီးတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ကမ္ဘာ့နိုင်ငံတွေ ရှုတ်ချ
--------------
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို အမေရိကန်က ဖမ်းဆီးတာနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုထဲကို စစ်တပ်နဲ့ ကျူးကျော်ဝင်ရောက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေနဲ့ အခြားကမ္ဘာ့နိုင်ငံတွေက ဇန်နဝါရီ ၅ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ ဝေဖန်ရှုတ်ချကြပါတယ်။
ကုလအတွင်းရေးမှူးချုပ် ဂူတားရက်စ်ရဲ့ထုတ်ပြန်ချက်ကို သူ့ရဲ့ လက်ထောက်နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာဌာန အကြီးအကဲ ရို့စ်မေရီ ဒီကာလိုက ဖတ်ကြားရာမှာ "ဗင်နီဇွဲလားမှာ မတည်မငြိမ်ဖြစ်မှာ၊ ဒေသတွင်းကို ရိုက်ခတ်မှာနဲ့ နိုင်ငံချင်းဆက်ဆံရေးမှာ ဒါမျိုးတွေ ဖြစ်လာနိုင်တဲ့ အစဉ်အလာဆိုး ဖြစ်သွားမှာကို အလွန်စိုးရိမ်ကြောင်းနဲ့ ထရမ့်အစိုးရဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်ခဲ့တယ်” လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ပြင်သစ် ဒုတိယသံအမတ်က အခုလိုတိုက်ခိုက်မှုနဲ့ မာဒူရိုကို ဖမ်းဆီးလိုက်တာဟာ "နိုင်ငံတကာတရားဥပဒေစနစ်ရဲ့ အခြေခံအုတ်မြစ်ကို တိုက်စားဖျက်ဆီးလိုက်တာဖြစ်ကြောင်း၊ ဗင်နီဇွဲလားရဲ့ နိုင်ငံရေးအနာဂတ်ကို ဗင်နီဇွဲလားပြည်သူတွေပဲ ဆုံးဖြတ်ရမှာဖြစ်ပြီး အခုလို အင်အားသုံး ဖမ်းဆီးတာကို လက်မခံဘူး" လို့ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ တရုတ် ကိုယ်စားလှယ်ကတော့ အမေရိကန်အနေနဲ့ အနိုင်ကျင့်တာတွေကို ရပ်ပြီး တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။
သမ္မတမာဒူရို အဖမ်းမခံရမီ နာရီပိုင်းအလိုက တရုတ်အထူးကိုယ်စားလှယ်တစ်ဦးဟာ သူနဲ့ သွားရောက်တွေ့ဆုံပြီး အခက်အခဲကြုံနေရတဲ့ ဗင်နီဇွဲလားအစိုးရကို ဆက်ပြီးထောက်ခံသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနဲ့ တရုတ်တို့က ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သလို အမေရိကန်အနေနဲ့ နောက်ထပ် စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဖို့လည်း တားမြစ်ခဲ့ပါတယ်။