“ဆာနာအဲ တာကာအိချိရဲ့ မှားယွင်းတဲ့ပြောဆိုချက်က အားလုံးကို မီးနီအတူဖြတ်ဖို့ ခေါ်နေတာပဲ”

Jan 20, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published4 months ago
Duration3:46
Video IDrxBGLyreREc
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views152
Likes1
Comments0
Engagement Rate0.66%
Likes per 100 views0.66
Comments per 1K views0.00

Description

ဂျပန်နိုင်ငံ ဂဲအိုအိတက္ကသိုလ် အထူးခန့်အပ်ထားသော တွဲဖက်ပါမောက္ခ အာရီနို ရိုအူစဂဲက “ဆာနာအဲ တာကာအိချိရဲ့ မှားယွင်းတဲ့ပြောဆိုချက်က အားလုံးကို မီးနီအတူဖြတ်ဖို့ ခေါ်နေတာပဲ” ဟုပြောကြား တိုကျို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) “ဆာနာအဲ တာကာအိချိ အခုလုပ်နေတဲ့ ကိစ္စက အားလုံးကို ‘မီးနီဆိုပေမယ့် အားလုံးအတူဖြတ်မယ်ဆို ကြောက်စရာမလိုဘူး။ ထိုင်ဝမ်ပြဿနာဆိုတဲ့ ဒီမျဉ်းနီကို အားလုံးအတူနင်းမယ်ဆို ကြောက်စရာမဟုတ်ဘူး’ လို့ ပြောနေတာနဲ့ တူတူပဲ” ဂျပန်နိုင်ငံ ဂဲအိုအိတက္ကသိုလ် အထူးခန့်အပ်ထားသော တွဲဖက်ပါမောက္ခ အာရီနို ရိုအူစဂဲက လတ်တလောရက်ပိုင်းတွင် လမ်းပေါ်ဟောပြောမှုအတွင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသည့်ပြောဆိုချက်ကို ဝေဖန်ခဲ့ရာ သက်ဆိုင်ရာဗီဒီယိုသည် လူမှုမီဒီယာပလက်ဖောင်း၌ ကျယ်ကျယ်ပြန့်ပြန့် လူသိများလာခဲ့သည်။ အာရီနို ရိုအူစဂဲက ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ လက်ရှိ ဂျပန်လူမှုအသိုက်အဝန်းတွင် လူများစွာက ဂျပန်-တရုတ်ဆက်ဆံရေး၏ သမိုင်းကြောင်းနှင့် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသည့် ပြောဆိုချက်ကြောင့် သက်ရောက်မှုအပေါ် အပြည့်အဝ နားလည်သိရှိခြင်းမရှိကြောင်း၊ ထိုင်ဝမ်နှင့်စပ်လျဉ်းသော ဆာနာအဲ တာကာအိချိ ပြောဆိုချက်၏ ပြဿနာအကြောင်းအရာကို လူများစွာသိရှိလာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ “ဆာနာအဲ တာကာအိချိက လွှတ်တော်မှာ ပြောဆိုချက်က ‘ထိုင်ဝမ်မှာ အရေးကိစ္စရှိချိန်’ တွင် ဂျပန်က လက်နက်အင်အားနဲ့ ကြားဝင်မယ်လို့ အရိပ်အမြွက်ပြောနေတာ။ ဂျပန်မှာ ဒါကို ‘မိမိကိုယ်ကိုယ် စုဖွဲ့ကာကွယ်ခွင့် လုပ်ဆောင်ခြင်း’ လို့ တန်ဆာဆင်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒါက အသိအမှတ်ပြုခြင်း မခံရပါဘူး” ဟု အာရီနို ရိုအူစဂဲက ဆိုသည်။ အာရီနို ရိုအူစဂဲ က သတင်းထောက်ထံသို့ ၎င်းဟောပြောသည့် ဗီဒီယိုကို ပြသခဲ့သည်။ အဆိုပါဟောပြောမှုအတွင်း ၎င်းက ဂျပန်-တရုတ် ရရှိထားသည့် နိုင်ငံရေးစာရွက်စာတမ်းလေးခု၏ အကြောင်းအရာကို မိတ်ဆက်ပြောကြားခဲ့ပြီး ဂျပန်ဘက်က အဆိုပါစာရွက်စာတမ်းများတွင် တရုတ်တစ်နိုင်ငံတည်းအား အခိုင်အမာ လက်ကိုင်ထားမည်ဟူသည့် နိုင်ငံရေးကတိကဝတ်ကို အတိအလင်းပြုလုပ်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။ “ဂျပန်-တရုတ်ကြားက နိုင်ငံရေးစာရွက်စာတမ်း လေးခုရဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဂျပန်ပြည်သူ အများအပြားက ဒီအပေါ် နားမလည်ကြပါဘူး။ အထူးသဖြင့် ၁၉၇၂ ခုနှစ် “ဂျပန်-တရုတ်ပူးတွဲကြေညာချက်” နဲ့ ၁၉၇၈ ခုနှစ် “ဂျပန်-တရုတ် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး စာချုပ်” မူလအကြောင်းအရာနဲ့ ဒါကနေ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းပေါ့” ဟု အာရီနို ရိုအူစဂဲက ဆိုသည်။ တရားဥပဒေရှုထောင့်အရဖြစ်စေ သမိုင်းရှုထောင့်အရဖြစ်စေ ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့် စပ်လျဉ်းသော ပြောဆိုချက်သည် ပြဿနာရှိနေသည်ဟု အာရီနို ရိုအူစဂဲ က ယူဆသည်။ ဂျပန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ တွင် ဂျပန်အနေဖြင့် နိုင်ငံအာဏာဖြင့် စစ်ပွဲစတင်ခြင်း၊ လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် လက်နက်အင်အားကို အသုံးပြု၍ နိုင်ငံတကာအငြင်းပွားမှုအား ဖြေရှင်းခြင်း နည်းလမ်းအား ရာသက်ပန်စွန့်လွှတ်ကြောင်း အတိအလင်း သတ်မှတ်ထားကြောင်း၊ မိမိကိုယ်ကိုယ် စုဖွဲ့ကာကွယ်ခွင့်ဟူသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင် ဒွိဟဖြစ်နေကြောင်း ၎င်းက ထောက်ပြခဲ့သည်။ “ဂျပန်က ‘မိမိကိုယ်ကိုယ်စုဖွဲ့ကာကွယ်ခွင့်’ ဆိုတဲ့ခေါင်းစဉ်ဖြင့် ထိုင်ဝမ်အရေးကိစ္စမှာ စစ်ရေးဖြင့်ကြားဝင်မယ်ဆို ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု အာရီနို ရိုအူစဂဲက သတင်းထောက်ကို ပြောကြားခဲ့သည်။ “သမိုင်းကို မမြင်ချင်ယောင်ဆောင်တဲ့သူက အနာဂတ်ကိုလည်း မမြင်ချင်ယောင်ဆောင်မှာပဲ” ဟု အာရီနို ရိုအူစဂဲ က ဆိုသည်။ ဂျပန်အနေဖြင့် တရုတ်နိုင်ငံ အပါအဝင် အာရှတိုက်နိုင်ငံနှင့် ဒေသများစွာအပေါ် ကျူးကျော်စစ်ပွဲ ဆင်နွှဲခဲ့ဖူးပြီး ထိုင်ဝမ်ဒေသအပေါ် နှစ်ပေါင်း ၅၀ ကြာ ကိုလိုနီအုပ်ချုပ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသည် အငြင်းပွားဖွယ်မရှိသော ဖြစ်ရပ်မှန်ဖြစ်ရာ ဂျပန်အနေဖြင့် အဆိုပါသမိုင်းအပေါ် တည့်မတ်စွာ ရှုမြင်ရမည်ဖြစ်ကြောင်း၊ ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသည့်ပြောဆိုချက်သည် တရုတ်ပြည်သူများ၏ သံယောဇဉ်ကို နက်ရှိုင်းစွာ ထိခိုက်နစ်နာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။“ဂျပန်က ‘ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်း’ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်ဝမ်အရေးကိစ္စမှာ လုံးဝကြားဝင်လို့ မရပါဘူး။ တရုတ်နိုင်ငံအတွက် ထိုင်ဝမ်အရေးကိစ္စက မျဉ်းနီပဲ။ ဆာနာအဲ တာကာအိချိ လုပ်နေတဲ့ကိစ္စက အားလုံးကို မီးနီအတူတူဖြတ်ဖို့‌ခေါ်နေတာပဲ။ ဒီလိုမျိုး အန္တရာယ်များတဲ့ ဝန်ကြီးချုပ်ကို ကျွန်တော်တို့ အလိုက်သင့်ထောက်ခံလို့မရပါဘူး” ဟု အာရီနို ရိုအူစဂဲ က ပြောကြားခဲ့သည်။ (Xinhua) #Japn #Taiwan #PM #Remark #ဂျပန် #ထိုင်ဝမ် #ဝန်ကြီးချုပ် #ပြောဆိုချက်

Related Videos

More videos from Xinhua Myanmar