စောမူတူးစေးဖိုးနဲ့ စောရွှေမောင်း ကို KNU က အပြီးထုတ်ပယ်

Nov 18, 2025Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published7 months ago
Duration1:22
Video IDv5OLB6GUrQk
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short

Performance Metrics

Views4K
Likes169
Comments8
Engagement Rate4.46%
Likes per 100 views4.25
Comments per 1K views2.01

Description

"အဖွဲ့အစည်းချမှတ်ထားတဲ့ မူဝါဒတွေကို ထပ်ခါထပ်ခါ ကျူးလွန်ဖောက်ဖျက်နေတဲ့ ကိစ္စရပ်နဲ့ပဲ အရေးယူခံရတာ" စောမူတူးစေးဖိုးနဲ့ စောရွှေမောင်း ကို KNU က အပြီးထုတ်ပယ် ………….. ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ စောမူတူးစေးဖိုးနဲ့ ဒူးပလာယာခရိုင်ဥက္ကဋ္ဌဟောင်း စောရွှေမောင်းတို့ကို အဖွဲ့အစည်းကနေ အပြီးတိုင် ထုတ်ပယ်လိုက်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက Myanmar Now ကို ပြောပါတယ်။ သူတို့နှစ်ဦးကို ဥက္ကဋ္ဌတာဝန်တွေကနေ အနားပေးကြောင်း ၂၀၂၃ခုနှစ်က KNU ကွန်ဂရက်ကနေ ဆုံးဖြတ်ပြီးဖြစ်ပေမယ့် အဖွဲ့ဝင်အဖြစ် ဆက်ရှိနေသေးပါတယ်။ အခုတော့ အောက်တိုဘာလနောက်ဆုံးပတ်က ကျင်းပခဲ့တဲ့ (၁၃)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ သူတို့နှစ်ဦးလုံးကို လုံးဝထုတ်ပယ်ကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို ဆုပ်ကိုင်ထားတဲ့ စောမူတူးစေးဖိုးဟာ အခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ ၁၀နှစ်မြောက် NCA နှစ်ပတ်လည်ကို တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ ပဒိုစောရွှေမောင်းဟာလည်း စစ်တပ်နဲ့ ညှိနှိုင်းဆွေးနွေးမှုကို လိုလားကြောင်း စစ်အာဏာသိမ်းပြီး လပိုင်းအကြာမှာ သူတစ်ဦးတည်းရဲ့ သဘောထားအမြင်ကို ထုတ်ပြန်ခဲ့ဖူးသလို PDF တပ်ဖွဲ့ဝင်တွေကိုလည်း ဒူးပလာယာခရိုင်ထဲမှာ လက်မခံဖို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

Related Videos

More videos from Myanmar Now News