ပစ်ခတ်နှိမ်နင်းလို့ မြစ်ကြီးနားမှာ ၂ ဦးခေါင်းထိမှန်သေဆုံး ၊ ဖျာပုံမှာ ၁ ဦးသေဆုံး

Mar 8, 2021Channel
AI Analysis
Data from YouTube Data API v3Updated Just now
7Day TV
7Day TV

692K subscribers

View Channel

Video Overview

Video Details

PublishedMar 8, 2021
Duration1:05
Video IDvb79mfrDPGU
Languageen
CategoryEntertainment
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views24.6K
Likes433
Comments10
Engagement Rate1.80%
Likes per 100 views1.76
Comments per 1K views0.41

Description

ပစ်ခတ်နှိမ်နင်းလို့ မြစ်ကြီးနားမှာ ၂ ဦးခေါင်းထိမှန်သေဆုံး ၊ ဖျာပုံမှာ ၁ ဦးသေဆုံး မတ် − ၈ ၊၂၀၂၁ ဒီနေ့ မနက်ပိုင်းက မြစ်ကြီးနားသပိတ်စစ်ကြောင်းကိုပစ်ခတ်ဖြိုခွင်းရာမှာ ခေါင်းကိုကျည်ဆံမှန်ပြီး သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ဒေသတွင်းမီဒီယာ မြစ်ကြီးနားသတင်းဂျာနယ်က ဖော်ပြထားပါတယ်။ ခေါင်းပွင့်သွားတဲ့သူကို သယ်ဆောင်လာတဲ့ ရုပ်သံဖိုင်ကိုလည်း တွေ့မြင်ရပါတယ်။ ဒါအပြင် ၇ ဦး ဒဏ်ရာရသွားတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်က ဆိုထားပါတယ်။ ဧရာဝတီတိုင်း ၊ ဖျာပုံမြို့မှာလည်း သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးသွားတဲ့သူတွေကိုပြန်လွှတ်ပေးဖို့တောင်းဆို ချိန် ပစ်ခတ်ဖြိုခွင်းလို့ အမျိုးသား ၁ ဦး ဒီနေ့ နေ့လယ်ပိုင်းကသေဆုံးခဲ့တယ်လို့ဒေသတွင်းမီဒီယာ Delta News Agency ကဖော်ပြပါတယ်။ သေဆုံးသွားတဲ့အမျိုးသားဟာ ဖျာပုံမြို့ ၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းနေ မောင်သီဟဦး (၃၀)နှစ်ဟာ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ထိမှန်ပြီး သေဆုံးခဲ့တာပါ။ အဲဒီအမျိုးသားမှာ ဇနီးနဲ့ ၆ အရွယ် သမီး၊ ၁ နှစ်ကျော်သာရှိသေးတဲ့ သားတစ်ဦး ကျန်ခဲ့တယ်လို့ ဖခင်ဖြစ်သူထံကသိရပါတယ်။ ဖျာပုံသပိတ်စစ်ကြောင်းကို ဖြိုခွဲခံရမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။ Subscribe to our channel at https://bit.ly/2CVSP6d Check out our website: http://www.7daydaily.com/ Connect with us at our social media handles: Facebook: https://www.facebook.com/7DayOnlineTV/ Twitter: https://twitter.com/7Day_TV

Related Videos

More videos from 7Day TV