မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းထုတ်ပြန် #Anti_OnlineScamBill

May 15, 2026Channel
AI Analysis
Data from YouTube Data API v3Updated Just now

Video Overview

Video Details

Published1 month ago
Duration1:58
Video IDvmhlZC2zmUM
Languagemy
CategoryPeople & Blogs
PrivacyPublic
Made for KidsNo
Video TypeRegular Video

Performance Metrics

Views153
Likes2
Comments0
Engagement Rate1.31%
Likes per 100 views1.31
Comments per 1K views0.00

Description

မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းထုတ်ပြန် ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ပြည်သူများသိရှိလေ့လာအကြံပြုနိုင်ရန် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ထုတ်ပြန်လိုက်ကြောင်း ယနေ့ (မေ ၁၄ ရက်) ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာအရ သိရသည်။ အဆိုပါ ဥပဒေကြမ်းကို မေ ၁၄ ရက်ထုတ် နေ့စဉ်သတင်းစာ၌ ပုံနှိပ်ဖော်ပြထားခြင်းဖြစ်ပြီး အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင်ကြောင်း သိရသည်။ ယင်းဥပဒေကြမ်း၏ ရည်ရွယ်ချက်များမှာ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံတော်အတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်နိုင်ရန်၊ သတင်းအချက်လက် ဖလှယ်နိုင်မည့် စနစ်တစ်ခု တည်ထောင်နိုင်ရန်၊ အွန်လိုင်းလိမ်လည်မှု ပြုလုပ်သည့်နေရာတွင် တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားသားများကို စိစစ်ထိန်းသိမ်းနိုင်ရန်၊ အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာမှ ရရှိလာသည့် အကျိုးအမြတ်များကို သိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်း ဆောင်ရွက်ရန် စသည်တို့ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းတွင် အခန်း ၁၃ ခန်းပါဝင်ပြီး အဓိပ္ပါယ်ဖော်ပြချက်များ၊ ရည်ရွယ်ချက်များ၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာနဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်ဖလှယ်မှု၊ ပြစ်ဒဏ်များနှင့် အထွေထွေ စသည်တို့ ပါဝင်ကြောင်း သိရသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အခန်းတွင် ဗဟိုဌာနသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ဒေသများနှင့် ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို စုံစမ်းစစ်ဆေးရန် သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ပြစ်မှုကျူးလွန်သူများကို လွှဲပြောင်းပေးခြင်းနှင့် ပူးတွဲစုံစမ်းစစ်ဆေးခြင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာများတွင် အဓမ္မခိုင်းစေခြင်းခံရသော နိုင်ငံခြားသားများကို ကယ်ဆယ်ခြင်းနှင့် ၎င်းတို့၏ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း၊ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ နည်းပညာများ၊ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ ပါဝင်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua) #Myanmar #Anti_OnlineScamBill #Recommendations #Releases #မြန်မာ #အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်း #ထုတ်ပြန် #အကြံပြုချက်များ …………………………………….. (English Version) Myanmar releases anti-online scam bill for public consultation YANGON, May 14 (Xinhua) -- Myanmar has released the Anti-Online Scam Bill for public observation and recommendations before submitting it to the Pyidaungsu Hluttaw (Union Parliament), according to the state-owned newspaper The Mirror on Thursday. The bill, published in the newspaper on Thursday, stated that recommendations can be sent to the Office of the Pyidaungsu Hluttaw. The bill's objectives include combating online fraud by strengthening domestic and international cooperation, protecting state sovereignty and public safety, improving information-sharing systems, addressing illegal foreign involvement, and enabling authorities to investigate, prevent, seize, and manage assets connected to online fraud offenses, it said. The Anti-Online Scam Bill consists of 13 chapters, including definitions, objectives, the formation of the Anti-Online Scam Center and its responsibilities, international cooperation, exchange of information, penalties, and general provisions. The chapter on international cooperation also states that authorities will collaborate with international organizations and foreign countries and regions to investigate online fraud, exchange intelligence, manage the repatriation of victims, and implement formal cooperation agreements for enforcement and capacity building, it said.

Related Videos

More videos from Xinhua Myanmar