တစ်ပတ်အတွင်း တနင်္သာရီသတင်း
Mar 7, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 months ago
Duration12:26
Video IDxKA2XF5P_5k
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views2.7K
Likes51
Comments2
Engagement Rate1.93%
Likes per 100 views1.86
Comments per 1K views0.73
Video Tags
Description
ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာမှာတိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်ကလေယာဉ်နဲ့ဗုံးကြဲ
- ဒေသထွက်ကုန်အဝင်နည်းလို့ ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လည်ပတ်ဖို့ခက်ခဲ
- သရက်ချောင်းမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေတဲ့ ရော်ဘာတောထဲအရပ်သားခုနစ်ဦး ပစ်သတ်ခံရ
- လောင်းလုံးမှာ အသက်မပြည့်သေးတဲ့ ပြည်သူ့စစ်တစ်ဦး ဖမ်းမိ
- ပလမှာ ရိတ်သိမ်းပြီးစပါးတွေကို စစ်အာဏာရှင်တပ်ကမီးရှို့လို့ စစ်ဘေးရှောင်တွေစားနပ်ရိက္ခာပိုအခက်တွေ့
- ပုလော ကြဲရွာသားတွေပိုင်ဆိုင်တဲ့ ရော်ဘာပင်တွေကို စစ်အာဏာရှင်တပ်ကခုတ်လှဲရောင်းချ
- တနင်္သာရီမှာ တိုက်ပွဲမဖြစ်ဘဲ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ဖုန်း၊အင်တာနက် ဖြတ်တောက်ထားပြီး ရက်ပေါင်းများစွာ ဗုံးကြဲခံနေရတဲ့ သရက်ချောင်း” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။
#DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း#DaweiWatch
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင် ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။