အီရန်ဆန္ဒပြပွဲတွေကြားမှာ ချစ်သူနှစ်ဦးရဲ့ ပျောက်ဆုံးခဲ့တဲ့ အိမ်အပြန်လမ်း
Jan 14, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published5 months ago
Duration2:37
Video IDxmAD522CESo
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views2.9K
Likes201
Comments7
Engagement Rate7.26%
Likes per 100 views7.02
Comments per 1K views2.44
Description
အီရန်ဆန္ဒပြပွဲတွေကြားမှာ ချစ်သူနှစ်ဦးရဲ့ ပျောက်ဆုံးခဲ့တဲ့ အိမ်အပြန်လမ်း
-------------------
သီတင်း ၂ ပတ်ကျော်ကြာ ရှိလာပြီဖြစ်တဲ့ အီရန်နိုင်ငံက လူထုဆန္ဒပြမှုတွေအတွင်း လူပေါင်း ထောင်နဲ့ချီ သေဆုံးမှုတွေ မြင့်တက်နေချိန်မှာပဲ နိုင်ငံတောင်ပိုင်း ဘူရှီယာပြည်နယ် (Bushehr Province) မှာလည်း ဆန္ဒပြပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူပေါင်းများစွာ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်ခံရသူတွေထဲမှာ မန်ဆူရေး ဟေဒါရီနဲ့ ဘီရုဇ် မန်ဆူရီဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
မန်ဆူရေး ဟေဒါရီဟာ ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုဖူလုံရေးဆေးရုံက သူနာပြုတစ်ဦးဖြစ်ပြီး ၇ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင်လည်း ဖြစ်ပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းမှာတော့ အလုပ်က ပြန်လာတဲ့ သူတို့ဇနီးမောင်နှံဟာ ဆန္ဒပြပွဲထဲကို အတူတူ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီနေ့ဟာ သူတို့နှစ်ယောက် အိမ်ပြန်လာနိင်ခွင့် မရှိတော့တဲ့ နေ့ဆိုတာတော့ သူတို့ မသိခဲ့ကြပါဘူး။
အဲဒီနေ့ညနေက သူတို့လင်မယားကို တွေ့မြင်ခဲ့သူတစ်ဦးကတော့ "မန်ဆူရေးနဲ့ သူ ရဲ့ခင်ပွန်းက အလုပ်ကပြန်လာပြီးတာနဲ့ စုရပ်ကိုသွားဖို့ ပြင်ဆင်ကြပါတယ်။ ကလေးတွေကို မိသားစုဝင်တွေဆီမှာ အပ်ထားခဲ့ပြီး အပြင်ထွက်သွားကြတာပါ" လို့ ပြောပြပါတယ်။
"သူတို့နှစ်ယောက်လုံးဟာ ငယ်ရွယ်တက်ကြွသူတွေ ဖြစ်သလို ကျွန်တော်တို့ အတော်များများလိုပဲ သူတို့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ လူမှုရေးလွတ်လပ်ခွင့် ကင်းမဲ့မှုတွေကို သည်းမခံနိုင်တော့တဲ့ အခြေအနေကို ရောက်နေခဲ့ကြတာပါ" လို့ သူတို့ရဲ့အသိတစ်ယောက်က ပြောပါတယ်။
အာဏာပိုင်တွေဘက်ကနေ စတင်ပြီး မပစ်ခတ်ခင်အချိန်အထိ ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒါပေမယ့် အီရန်အစိုးရကတော့ ဆန္ဒပြသူတွေက ဘဏ်တွေကို အရင်မီးရှို့လို့ ပစ်ခတ်ရတာပါဆိုပြီးတော့ လိမ်ညာ ထုတ်ပြန်ခဲ့ပါတယ်။
မန်ဆူရေးတို့ မိသားစု နေခဲ့တဲ့ ဘူရှီယာမြို့ဟာ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကြီးမားတဲ့ အထူးစီးပွားရေးဇုန်နဲ့ မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းတွေ တည်ရှိရာနေရာဖြစ်တာကြောင့် အီရန်နိုင်ငံ စွမ်းအင်ကဏ္ဍရဲ့ "အဓိကနှလုံးသား" အဖြစ် တင်စားခံခဲ့ရဖူးပါတယ်။
ဒါပေမဲ့လည်း သည်းခံတတ်မှုနဲ့ ဧည့်ဝတ်ကျေပွန်တဲ့ ဒေသခံတွေကြောင့် နာမည်ကျော်တဲ့ ဒီပြည်နယ်က ပြည်သူတွေဟာ ဆယ်စုနှစ်များစွာကြာအောင် အစိုးရရဲ့ လျစ်လျူရှုခံခဲ့ရပြီး အဖက်ဖက်က ဆင်းရဲနွမ်းပါးမှုဒဏ်ကိုသာ ခါးစည်းခံခဲ့ကြရပါတယ်။
အခုအခါမှာတော့ မန်ဆူရေးတို့ ချစ်သူနှစ်ဦးဟာ ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ အခြားသူတွေနဲ့အတူ အိမ်ပြန်လမ်းလည်း ပျောက်ဆုံးခဲ့ရပါပြီ၊ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ရင်သွေးနှစ်ဦးရဲ့ အနာဂါတ်ကတော့ အီရန်နိုင်ငံရဲ့ ဆက်လက်ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့အတူ ဘဝကို ဆက်လက် ရှင်သန်သွားရတော့မှာ ဖြစ်ပါတယ်။