၃၇ နှစ်ကြာတဲ့အထိအိမ်ပြန်ရဖို့မျှော်လင့်နေသေးတဲ့ တီအန်မင်ရင်ပြင်က ဆန္ဒပြကျောင်းသားခေါင်းဆောင်
Jun 5, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published3 weeks ago
Duration5:07
Video IDysu-Rm-mB9Q
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeRegular Video
Performance Metrics
Views18.8K
Likes963
Comments71
Engagement Rate5.51%
Likes per 100 views5.13
Comments per 1K views3.78
Description
၃၇ နှစ်ကြာတဲ့အထိ အိမ်ပြန်ခွင့်ရဖို့ မျှော်လင့်နေသေးတဲ့ တီအန်မင်ရင်ပြင်က ဆန္ဒပြကျောင်းသားခေါင်းဆောင်
---------------------
တီအန်မင်ရင်ပြင်က ဆန္ဒပြသမားတွေကို တရုတ်အစိုးရက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဟာ အခုနှစ်၊ ဇွန်လ ၄ ရက်နေ့ကဆိုရင် ၃၇ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
တစ်ချိန်က တရုတ်နိုင်ငံမှာ ဒီမိုကရေစီရဖို့ မျှော်လင့်ချက် အရိပ်အရောင်တွေ အားကောင်းခဲ့တဲ့ ၁၉၈၉ ခုနှစ်ဝန်းကျင်က တရုတ်စစ်တပ်ဟာ တီအန်မင်ရင်ပြင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့သူတွေအဖြစ် သတ်မှတ်ထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အငြှိုးတကြီး လိုက်လံ ဖမ်းဆီးခဲ့တာကြောင့် အဲဒီတုန်းက ဆန္ဒပြပွဲတွေမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တဲ့ ဝူအာ ကိုင်ရှီ (Wu'er Kaixi) ဟာ အခုချိန်ထိ နှစ်ပေါင်း ၄၀ နီးပါး ပြည်ပမှာ စစ်ပြေးဒုက္ခသည်အဖြစ် နေထိုင်နေရဆဲ ဖြစ်ပါတယ်။
ဝူအာ ကိုင်ရှီဟာ တရုတ်နိုင်ငံ အနောက်ဖျားဒေသက ဝီဂါ (Uyghur) တိုင်းရင်းသား လူနည်းစုဝင်တစ်ယောက် ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်တုန်းက တီအန်မင် ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားချိန်မှာ သူဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ ပညာရေးစီမံခန့်ခွဲမှု ဘာသာရပ်ကို တက်ရောက် သင်ကြားနေတဲ့ ပထမနှစ် ကျောင်းသားလေးတစ်ယောက် ဖြစ်ပါတယ်။
အခုဆို အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဝူအာ ကိုင်ရှီ ဟာ အခုချိန်ထိ ထိုင်ဝမ်ကျွန်းက တိုင်ပေမြို့မှာ နေထိုင်နေရဆဲ ဖြစ်ပြီး တရုတ်အစိုးရကို ခေါင်းငုံ့ အရှုံးမပေးသေးပါဘူး။