နျူကလီးယားလက်နက် ထိန်းချုပ်ရေး စာချုပ် သက်တမ်းမတိုးနိုင်ရင် ကမ္ဘာပျက်ဖို့ ပိုနီးလာမယ်လို့ ရုရှားပြော
Feb 5, 2026•Channel
AI Analysis
Data from YouTube Data API v3•Updated Just now
Video Overview
Video Details
Published4 months ago
Duration2:59
Video IDzAlCSvhq2RE
Languagemy
CategoryNews & Politics
PrivacyPublic
Made for KidsNo
Video TypeYouTube Short
Performance Metrics
Views1.5K
Likes93
Comments1
Engagement Rate6.32%
Likes per 100 views6.25
Comments per 1K views0.67
Description
နျူကလီးယားလက်နက် ထိန်းချုပ်ရေး စာချုပ် သက်တမ်းမတိုးနိုင်ရင် ကမ္ဘာပျက်ဖို့ ပိုနီးလာမယ်လို့ ရုရှားပြော
-----------------------
အမေရိကန်နဲ့ ရုရှားတို့ကြား ချုပ်ဆိုထားတဲ့ နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ် New START ဟာ မနက်ဖြန် ဖေဖော်ဝါရီ ၅ ရက်နေ့ဆို သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဒီစာချုပ်ကို ၂၀၁၀ ခုနှစ်၊ ဧပြီလ ၈ ရက်က အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနဲ့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီ မက်ဗီဒက်တို့ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။
အဲဒီစာချုပ်ကို သက်တမ်းမတိုးတော့ဘူးဆိုရင် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေ မရှိတော့မယ့် အခြေအနေသစ်အတွက် ရုရှားဘက်က အသင့်ပြင်ထားပြီးပြီလို့ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရစ်ဖ်ကော့ဗ် (Sergei Ryabkov) က ဖေဖော်ဝါရီ ၃ ရက်နေ့က ပြောပါတယ်။
လက်ရှိမှာ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ တာဝန်ယူထားတဲ့ သမ္မတဟောင်း ဒီမစ်ထရီ မက်ဒီဗက်က် ကလည်း နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘဲ စာချုပ်ပျက်သွားတာဟာ ကမ္ဘာပျက်ဖို့ ပိုမြန်လာစေလိမ့်မယ်လို့ သတိပေးပါတယ်။